ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါမြို့မြောက်ဘက် နမ့်ပေါ့ချောင်းတစ်ဘက်ခြမ်း တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျလို့ အမျိုးသမီး (၁)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရဟုဆို

သီပေါမြို့မြောက်ဘက် နမ့်ပေါ့ချောင်းတစ်ဘက်ခြမ်း တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျလို့ အမျိုးသမီး (၁)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရဟုဆို

Hsan Loi Editor
11/08/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့မြောက်ဘက် နမ့်ပေါ့ချောင်းတစ်ဘက်ခြမ်း တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျလို့ အမျိုးသမီး(၁)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရဟု ဒေသခံသတင်းရင်းမြစ်မှ သိရပါသည်။

 

ယနေ့ ဩဂုတ်လ(၁၀)ရက် နံနက်ပိုင်းအချိန်တွင်သီပေါမြို့နယ် ညောင်ပင်ကုန်း(အကျဥ်းထောင်) ဘက်ခြမ်းတွင် TNLA နှင့် စစ်ကောင်စီတပ် စကခ(၁) လက်အောက်ခံ ခမရ(၅၀၃၊ ၅၀၄)၊ ခလရ (၂၃)တို့နှင့် တတိုက်ပွဲဖြစ်ပွားခဲ့ပြီး သီပေါမြို့နယ် စံဖိတ်ရွာနှင့် အေရှားဝေါ တိုးဂိတ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့‌ေကြာင်း PSLF/TNLA မှ ထုတ်ပြန်ထားပါသည်။

 

သီပေါ ညောင်ပင်ကုန်းအကျဉ်း‌ထောင်နား တိုက်ပွဲဖြစ်ပွားပြီး ထောင်ဝန်ထမ်းများထွက်ပြေးကာ အကျဉ်းသားများက ထောင်ဖောက်ထွက်ပြေးကာ လွှတ်မြောက်လာတဲ့ အကျဉ်းသား (၁၀၉)ဦးကို TNLA က ထိန်းသိမ်း‌ထားကြောင်း သိရသည်။

 

လက်ရှိအချိန်မှာ သီပေါမြို့ အဝင်ခဏပိတ်ထားပြီး နမ့်ပေါ့ချောင်းနှင့် မြို့တွင်း အခြေနေမစိုးရိမ်ရဘူးလို့ ဒေသခံတစ်ဦးထံမှ သိရပါသည်။

 

ယမန်နေ့ သြဂုတ်လ(၉)ရက်နေ့တွင်လည်း သီပေါမြို့ မိုင်တိုင် (၉)တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံး (၅၀)လုံး လာရောက်ပစ်ချ တိုက်ခိုက်ခဲ့‌ကြောင်း သိရှိရပါသည်။