ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ (၅.၅.၂၀၂၃) ရက်နေ့ မွန်းတည့် (၁၂)နာရီခန့်၌ သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာရွာ သီပေါ-လားရှိုးလမ်းမကြီးတွင် ခရီးသည်တင်ကားသေးနှင့် ဆိုင်ကယ် မတော်တဆတိုက်မိခဲ့ကြောင်း သတိရရှိသည်။
ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီးလာသူနှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
“ ကုန်းသာအဆင်းအကွေ့ တံတားအကျော်မှာ လားရှိုးဘက်ကဆင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိတာပါ။ ဆိုင်ကယ်စီးလာတဲ့လူနှစ်ယောက်လုံး ခေါင်းပေါက်ပြီး သွေးတော်တော်ထွက်တယ်။ ဒါတောင်ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားကြလို့ပေါ့။ မဟုတ်ရင် အဲ့နေရာတင်ပွဲချင်းပြီးသေတာပေါ့။ ကုန်းသာတံတားအကွေ့မှာ ခဏခဏယာဉ်မတော်တဆမှုဖြစ်တတ်လို့ ယာဉ်မောင်းတွေအနေနဲ့ ဖြည်းဖြည်းမောင်းကြပါဗျာ” ဟု ယာဉ်တိုက်မှုဖြစ်စဉ် မျက်မြင်တစ်ဦးက ပြောပြသည်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၂ ဦးအား သီပေါမြို့ နယ်စည်းမခြားပရဟိတ လူမှုကူညီရေးအသင်းမှ လာရောက်ကူညီသယ်ဆောင်ပြီး သီပေါဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။