ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး(၁)ဦး သေဆုံး အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ

သီပေါမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး(၁)ဦး သေဆုံး အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ

Hsan Loi Editor
03/09/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် ယမန်နေ့ ညနေပိုင်းအချိန်က စစ်ကောင်စီ၏ ခလရ(၂၃)တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး (၁)ဦး သေဆုံးပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရကြောင်း TNLA က ထုတ်ပြန်ထားပါသည်။

 

စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကုံးစုံ (လီဆူ) ရွာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသား တစ်ဦးမှာ နောက်ကျော၊ ပခုံး၊ လက်နှင့် မျက်နှာတို့တွင် လက်နက်ကြီး အစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

သီပေါမြိုတွင် ဩဂုတ်လ (၁)ရက်နေ့မှ ယခု စက်တင်ဘာ (၂)ရက်နေ့ထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို ဦးတည်ပြီး လေကြောင်းနှင့် လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၂၂)ဦး သေဆုံးခဲ့ရပြီး (၆၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ထားကြောင်း သိရသည်။