ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူတစ်ဦး အသက်ဆုံးရှုံး

သီပေါမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူတစ်ဦး အသက်ဆုံးရှုံး

Hsan Loi Editor
25/08/2024
Share:

 

ယနေ့ ဩဂုတ်လ (၂၅) ရက်နေ့ မွန်းလွဲ (၁) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့၌ အရပ်သားပြည်သူတစ်ဦး စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် သီပေါမြို့ အနောက်ရပ်ရှိ ပြည်သူလူထုနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၅၀) နှစ်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်။

 

ယမန်နေ့ ဩဂုတ်လ (၂၄) ရက်နေ့တွင်လည်း သီပေါမြို့ ဘုရားကြီးကုန်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့သေးသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး TNLA ဘက်က ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားသည်။