နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီပေါမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူတစ်ဦး အသက်ဆုံးရှုံး

သီပေါမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူတစ်ဦး အသက်ဆုံးရှုံး

Hsan Loi Editor
25/08/2024
Share:

 

ယနေ့ ဩဂုတ်လ (၂၅) ရက်နေ့ မွန်းလွဲ (၁) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့၌ အရပ်သားပြည်သူတစ်ဦး စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် သီပေါမြို့ အနောက်ရပ်ရှိ ပြည်သူလူထုနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၅၀) နှစ်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်။

 

ယမန်နေ့ ဩဂုတ်လ (၂၄) ရက်နေ့တွင်လည်း သီပေါမြို့ ဘုရားကြီးကုန်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့သေးသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး TNLA ဘက်က ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားသည်။