ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သိန္နီမြို့ရှိ စျေးဆိုင်တန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချမှုကြောင့် အရပ်သား(၇)ဦး သေဆုံးပြီး SNLD စည်းရုံးရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူး စိုင်းထွန်းကြည် ပါဝင်သွား

သိန္နီမြို့ရှိ စျေးဆိုင်တန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချမှုကြောင့် အရပ်သား(၇)ဦး သေဆုံးပြီး SNLD စည်းရုံးရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူး စိုင်းထွန်းကြည် ပါဝင်သွား

Hsan Loi Editor
19/07/2024
Share:

 

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ရှိ စျေးဆိုင်တန်းကို စစ်ကောင်စီတပ်က ဇူလိုင်လ(၁၈)ရက် ညနေပိုင်းအချိန်မှာ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချခဲ့မှုကြောင့် အရပ်သား(၇)ဦး သေဆုံးပြီး သိန္နီမြို့နယ် SNLD စည်းရုံးရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး စိုင်းထွန်းကြည် လည်း သေးဆုံးမှုထဲတွင် ပါဝင်ကြောင်း SNLD ပါတီနှင့် နီးစပ်သူထံမှ သိရပါသည်။

 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၅၅)နှစ် အရွယ်ရှိသည့် SNLD စည်းရုံးရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး စိုင်းထွန်းကြည် ဆိုင်ခန်းထဲရှိနေချိန် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသည့်အတွက်ကြောင့် ယနေ့ ဇူလိုင်(၁၉)ရက်မှာ သေဆုံးသွားကြောင်း သိရသည်။

 

သိန္နီမြို့ စျေးဆိုင်တန်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်၊ ကုန်စုံဆိုင် ဖုန်းဆိုင် အပါအဝင် ဆိုင်ခန်း(၂ဝ)ထက်မနည်း ထိခိုက်ပျက်စီး ဆုံးရှုံးရကြောင်း သိရသည်။

 

သိန္နီမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီအနေဖြင့် သိန္နီမြို့ ကို ဦးတည်ပြီး လေကြောင်း တိုက်ခိုက်မှုလုပ်ရပ်သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များကို တုံ့ပြန်တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမအကြိမ်ကာလအတွင်း သိန္နီမြို့ကို ကိုးကန့်တပ် MNDAA နှင့် ညီနောင်မဟာမိတ်အဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့ဖြစ်ပါသည်။

 

ယနေ့ ဇူလိုင်လ(၁၉)ရက် နံနက်ပိုင်းမှစတင်ပြီး သိန္နီမြို့နှင့် မိုင်(၃ဝ)ခန့် သာကွာဝေးသည့် လားရှိုးမြို့နှင့် ကျောက်မဲမြို့တို့မှာ တိုက်ပွဲများပြန်လည် ပြင်းထန်ကြောင်း သိရှိရပါသည်။