ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သိန္ဒီစော်ဘွားကြီး ‌စဝ်ဟုမ်ဖ (Chao Hom Pha)

သိန္ဒီစော်ဘွားကြီး ‌စဝ်ဟုမ်ဖ (Chao Hom Pha)

Hsan Loi Editor
13/04/2023
Share:

‌‌‌‌‌‌‌‌‌‌‌‌‌

“ ဗမာမုန်းတီးရေးစိတ်ပြင်းထန်ခဲ့သည့် သိန္ဒီစော်ဘွားကြီး စဝ်ဟုမ်ဖက ၎င်းသူမတွေနှင့် မွေးစားသမီးကို စစ်တပ်အရာရှိများနှင့် ပေးစားလိုက်သည်။ ၁၉၅၉ ခုနှစ် သျှမ်းပြည်စော်ဘွားများအာဏာစွန့်ရန် ကိုယ်တိုင်လက်ခံ လက်မှတ်ရေးထိုးခဲ့သူတဦးလည်းဖြစ်သည်။”

 

သိန္ဒီစော်ဘွားကြီး စဝ်ဟုမ်ဖသည် ၁၉၅၈-၁၉၆၀ စစ်တပ် အိမ်စောင့်အစိုးရလက်ထက် ဦးနေဝင်းခေတ်တွင် သျှမ်းပြည်အကြီးအကဲ တဦးဖြစ်ခဲ့သည်။ ၁၉၆၀ ခုနှစ်လယ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

 

၁၈၇၀ ခုနှစ်နောင်းပိုင်းတွင် ဗမာကျုးကျော်တပ်များကို တိုက်ထုတ်ခဲ့သော နာမည်ရ သျှမ်းသူရဲကောင်း ခွန်စံတုန်ဟုန်း၏ သားဖြစ်သည်။ ခေးဟုမ်ဖ (စဝ်ဟုမ်ဖ) သည် သျှမ်းပြည် တောင်ကြီးရှိ သျှမ်းစော်ဘွားများကျောင်းတွင် ပညာသင်ယူခဲ့သည်။ ထိုသျှမ်းစော်ဘွားများကျောင်းသည် သျှမ်းအထက်တန်းလွှာများအတွက် ဖွင့်လစ်ထားသော အင်္ဂလိပ်ကျောင်းဖြစ်သည်။

 

၁၉၂၅ ခုနှစ် စဝ်ဟုမ်ဖ သျှမ်းစော်ဘွားမဖြစ်မီ စစ်မှုထမ်းခဲ့သေးသည်။ ဂျပန်တပ်များ ဝင်ရောက်ကျုးကျော်စစ်ဆင်နွဲပြီးသည့်နောက် စဝ်ဟုမ်ဖသည် သျှမ်းပြည်သီးခြားလွတ်လပ်ရေးကို ထောက်ခံခဲ့သူတဦးဖြစ်သည်။

 

သိန္ဒီ၌အခြေချ မရဲလောက်အောင် ဗမာနိုင်ငံရေးသမားများအပေါ် ပြင်းထန်သည့် စိတ်ဓါတ်ရှိသူတဦးဖြစ်သည်။ သို့သော် ဗြိတိသျှအစိုးရသည် သျှမ်းပြည်နှင့် တောင်တန်းဒေသနယ်များကို ဗမာပြည်မနှင့် ပေါင်းစပ်မှုကလွဲ၍ အခြားမည်သည့်ရွေးချယ်မှုကိုမျှ မစဉ်းစားသောကြောင့် သိန္ဒီစော်ဘွားသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရသည်။

 

လွတ်လပ်ရေးပြီးနောက် ပြည်တွင်းစစ်ကာလအတွင်း သိန္ဒီကို စီးနှင်းထားသော ဗိုလ်နော်ဆန်း လက်အောက်ခံ ကချင်တော်လှန်ရေးအဖွဲ့ဝင်များက သိန္ဒီစော်ဘွား စဝ်ဟုမ်ဖကို ဗမာအစိုးရကို အတူတကွတွန်းလှန်ရန် ပြန်ပြေးဆွဲဖမ်းဆီးသွားခဲ့သည်။ သို့သော် စဝ်ဟုံဖက ပါဝင်မှုကို ငြင်းပယ်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

 

AFPFL ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေးအဖွဲ့က သျှမ်းပြည်အတွင်း ပုန်ကန်ခြားနားမှုများကို နှိမ်နှင်းရန် စည်းကြပ်ခွန်ငွေကို ကောက်ခံလိုက်သည်။ တောင်ကြီး သျှမ်းပြည်အစိုးရမှ သျှမ်းပြည်မြောက်ပိုင်း အထူးကော်မရှင်နာအဖွဲ့ဝင်အဖြစ် စဝ်ဟုမ်ဖကို ခန့်အပ်လိုက်သည်။

 

စဝ်ဟုမ်ဖသည် ယခင်က ဗမာဆန့်ကျင်ရေးစိတ်ပြင်းပြခဲ့သော်လည်း ဗမာစစ်တပ်၏ အင်အားနှင့် လုပ်နိုင်စွမ်းကို အလျှင်အမြန် အသိအမှတ်ပြုသွားခဲ့သည်။ စဝ်ဟုမ်ဖသည် ဗမာစစ်တပ်အကြီးအကဲများ၏ စိတ်ရင်းစေတနာ အထူးသဖြင့် ဗိုလ်မှူးချစ်မြိုင်နှင့် ချစ်ခင်ရင်းနှီးမှုရရှိသွားခဲ့ပြီး သူ၏ သူမတွေနှင့် မွေးစားသမီးများကိုပင် စစ်တပ်အရာရှိများနှင့် ပေးစားလိုက်သည်။

 

၁၉၅၈-၆၀ အတွင်း အိမ်စောင့်အစိုးရဖွဲ့စည်းရန် ဦးနုက စစ်တပ်ကို ဖိတ်ကြားသောအခါ သူ့ကို သျှမ်းပြည် အကြီးအကဲအဖြစ် ခန့်အပ်သည်သာမက ၁၉၅၉ ခုနှစ်တွင် စော်ဘွားများ အာဏာစွန့်ခြင်းကို သူကပင် လက်ခံခဲ့သူဖြစ်သည်။ စစ်တပ်က ၁၉၆၂ ခုနှစ် အာဏာသိမ်းယူစဉ် စဝ်ဟုမ်ဖကို လုံးဝပင် မထိခဲ့ပေ။

 

ဗမာလူမျိုးများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သော်လည်း စဝ်ဟုမ်ဖသည် သျှမ်းတော်လှန်ရေးခေါင်းဆောင်များ၏ အထင်ကြီး လေးစားမှုကိုလည်း ရရှိခဲ့သည်။ အထူးသဖြင့် သျှမ်းပျောက်ကျားအဖွဲ့ခေါင်းဆောင် ဗိုလ်မောင် (တန့်ယန်းသူရဲကောင်း) နှင့် ကေအိုင်အေတည်ထောင်သူ ဇော်ဆိုင်း အစရှိသူတို့၏ အထင်ကြီးလေးစားမှုကိုလည်း လက်ခံရရှိခဲ့သည်။

 

မူရင်းအင်္ဂလိပ်ဘာသာဖြင့်ရေးသားသူ – ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏သား (Chao Tzang Yawnghwe) အန်ကယ်ယူကျင်းသိုက်

Photos: Tai history