ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သဘာဝဘေးနှင့် စစ်ဘေးဒဏ် ခံစားနေတဲ့ပြည်သူများအနေဖြင့် RCSS/SSA ထိန်းချုပ်မှုအောက်ရှိ နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ပြီး တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးသွားမည်ဟု RCSS ခေါင်းဆောင်ပြော

သဘာဝဘေးနှင့် စစ်ဘေးဒဏ် ခံစားနေတဲ့ပြည်သူများအနေဖြင့် RCSS/SSA ထိန်းချုပ်မှုအောက်ရှိ နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ပြီး တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးသွားမည်ဟု RCSS ခေါင်းဆောင်ပြော

Hsan Loi Editor
01/09/2024
Share:

 

သျှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရသော ပြည်သူများအနေဖြင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော်(RCSS/SSA) ထိန်းချုပ်မှုအောက်ရှိ နယ်မြေအတွင်း လာရောက် ခိုလှုံလိုသူများအားကြိုဆိုပြီး တတ်နိုင်သမျှ ကူညီထောက်ပံ့ ပေးသွားမည်ဟု RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်စစ် က သြဂုတ်လ(၃၁)ရက်နေ့က ပြောသွားကြောင်း Tai Freedom Media မှ သတင်းထုတ်ပြန်ထားပါသည်။

 

ထို့အပြင် ကွန်ဟိန်း၊ ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲ၊ မိုင်းပန်နှင့် လင်းခေးမြို့နယ်ရှိ ပြည်သူများ အနေဖြင့် သဘာဝဘေးဒဏ်ကြောင့် ကောက်ပဲသီးနှံနှင့် စပါးစိုက်ခင်းများ ဆုံးရှုံးခဲ့ရသူများ၏ အခက်အခဲများကို RCSS က နားလည်သဘောပေါက်ပြီး များစွာစိတ်မကောင်းဖြစ်ရကြောင်း ပြောသည်။

 

ပြီးခဲ့သည့် သြဂုတ်လ(၂၉)ရက်နေ့က ကျိုင်းတောင်းမြို့မှ ရေဘေးသင့်ပြည်သူများကို သွားရောက်ထောက်ပံ့ပေးသလို သြဂုတ်လ(၃၀)ရက်နေ့ကလည်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ် အတွင်းရှိ ရေကြီးနှစ်မြုပ်တဲ့ ကျေးရွာနေပြည်သူများကို စားနပ်ရိက္ခာ သွားရောက်ထောက်ပံ့ပေးကြောင်း သိရသည်။

 

နမ့်တိန်းချောင်း ရေကြီးမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေတဲ့ လင်းခေးမြို့ပေါ် ရပ်ကွက်အချို့ နှင့် ဝမ်ဟတ်တိုက်နယ်အတွင်းရှိ ကျေးရွာ(၈)ရွာမှာ လက်ရှိအချိန်ထိ ရေများပြန်မကျသေးဘဲ ဆက်လက်ရှိနေပြီး ရေအနေ အထားမှာ မိုးဆက်လက်ရွာသွန်းပါက ရေကြီးရေလျှံမှုပြန်လည် ဖြစ်ပေါ်နိုင်ကြောင်း ဒေသခံတစ်ဦးက Hsan Loi Voice ကို ဖြေကြားထားပါသည်။

 

DCIM/100MEDIA/DJI_7179.JPG

DCIM/100MEDIA/DJI_7209.JPG