ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

Hsan Loi Editor
26/08/2024
Share:

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူ အား အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)မှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့်ပူးပေါင်း တပ်ဖွဲ့တို့က သပိတ်ကျင်းမြို့အား ဩဂုတ်လ (၁၇)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ (၂၅)ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ကြောင်း MDY-PDF က ယနေ့ ထုတ်ပြန်ထားပါသည်။

 

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး (၇၀) ကျော် ကြဲချ တိုက်ခိုက်ပြီး Y-12 ဖြင့် ဗုံးသီး (၁၅၀) ကျော် ကြဲချတိုက်ခိုက်၍ Mi-35 (၂) စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

 

ထို့အပြင် စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူ (ကြည်း) အား ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ (၆၈) လက်၊ ကျည်မျိုးစုံ (၁၈၆၆၉) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ RPG ဒုံးသီး (၃၆) လုံး၊ Jammer (၃) လုံး၊ ဆက်သွယ်ရေးစက် (၁) ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း သိရသည်။

 

အဆိုပါ စခန်းသိမ်းတိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့ မှ ရဲဘော်(၄)ဦး ကျဆုံးမှုရှိကြောင်း သိရသည်။

 

ယခု မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ ၏ ဗျူဟာမြောက်တပ်စခန်းများ အပါ အဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ထုတ်ပြန်ထားကြောင်း သိရပါသည်။