ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သတင်းစာဆရာ ဦးကျော်မင်းဆွေနှင့် အနုပညာရှင် အချို့ပြန်လွတ်လာ

သတင်းစာဆရာ ဦးကျော်မင်းဆွေနှင့် အနုပညာရှင် အချို့ပြန်လွတ်လာ

Hsan Loi Editor
08/07/2023
Share:

 

ပြီးခဲ့သည့် ဧပြီလ အတွင်းက ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် The Voice အယ်ဒီတာချုပ်ဟောင်း သတင်း စာဆရာ ဦးကျော်မင်းဆွေအပါအဝင် အနုပညာရှင်များဖြစ်သည့် မေပန်းချီ၊ မြတ်သူသူဇင်၊ အဆိုတော် မေလသံဇဉ်နှင့် ရွှေရည်သိန်းတန်တို့ ယနေ့ ဇူလိုင် (၇) ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းများထံမှ သိရသည်။

 

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့၍ လူပေါင်းရာချီသေဆုံးခဲ့သည့် ဖြစ်ရပ်အတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ် အနက်ရောင် ပရိုဖိုင်ပုံ ချိန်းခဲ့သည့်အတွက် စစ်ကောင်စီမှ သတင်းစာဆရာနှင့် အနု ပညာရှင် များကို ပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့်ဖမ်းဆီး တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

 

ယခု ပြန်လည်လွတ်မြောက်လာသည့် အနုပညာရှင်များထဲမှ သရုပ်ဆောင် မေပန်းချီသည် ပြီးခဲ့သည့် ဇွန်လအတွင်းက အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချခြင်း ခံထားရသူဖြစ်ပြီး တစ်လအကြာတွင် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပြီး ကျန်သူများမှာ အမှုရင်ဆိုင်နေရဆဲဖြစ် ကြောင်း စစ်ကောင်စီသတင်းများကဆိုသည်။

 

Photo credit