နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သင်္ဃန်းညီနောင်ဗျူဟာစခန်းနှင့် ခမရ ၃၅၇ အား KNU က သိမ်းပိုက်ပြီးနောက် မြဝတီမြို့တွင် မြို့စောင့်တပ်နှင့် ရဲစခန်းသာကျန်ရှိတော့သည်ဟုသိရ

သင်္ဃန်းညီနောင်ဗျူဟာစခန်းနှင့် ခမရ ၃၅၇ အား KNU က သိမ်းပိုက်ပြီးနောက် မြဝတီမြို့တွင် မြို့စောင့်တပ်နှင့် ရဲစခန်းသာကျန်ရှိတော့သည်ဟုသိရ

Hsan Loi Editor
07/04/2024
Share:

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ၁၂၂ လက်နက်ကြီး ၂ လက် ၊ ၁၂၀လက်နက်ကြီး ၂ လက်အပါအဝင် အခြားလက်နက်ကြီးလက်နက်ငယ်နှင့် ယမ်းကျည်ပစ္စည်းများမြောက်များစွာသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ချမှုတွေလည်း အမြောက်အများရှိသည်ဟု ဒေသသတင်းအရင်းအမြစ်များက ဖော်ပြသည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထံ လက်နက်ချသည့် စစ်သားများ ယခုတိုက်ပွဲဖြစ်နေသည့် ကရင်ပြည်နယ် သင်္ကန်းညီနောင်နှင့် မြဝတီ ဒေသတွင်လည်း ထပ်မံလက်နက်ချမှုတွင် ပါဝင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။