ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သင်္ကြန်အတက်နေ့ သီပေါမြို့အထွက်တွင် ကားနဲ့ဆိုင်ကယ်တိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးငယ်တစ်ဦးနှင့်အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

သင်္ကြန်အတက်နေ့ သီပေါမြို့အထွက်တွင် ကားနဲ့ဆိုင်ကယ်တိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးငယ်တစ်ဦးနှင့်အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

Hsan Loi Editor
16/04/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အထွက် ပန်စဝ်မိန်းကျေးရွာ သန့်သန့်လေးစက်သုံးဆီဆိုင်အနီးပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ (၁၆.၄.၂၀၂၄) ရက်နေ့ သင်္ကြန်အတက်နေ့၌ ကားနှင့်ဆိုင်ကယ် မတော်တဆ တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး မိန်းကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

သီပေါမြို့နယ် နယ်စည်းမခြားပရဟိတအသင်းက ဒဏ်ရာရရှိသူများအား ခေါ်ဆောင်ပြီး သီပေါမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။