ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သက်ငယ်မုဒိမ်းဖြင့်တိုင်ကြားခံရသည့် NLD ပါတီ ဝင်ကိစ္စ (NUG) က ပွင့်လင်းမြင်သာစွာ တရားမျှတမှုရှိရှိ ဖော်ထုတ်ပေးရန် တော်လှန်ရေးအင်အား စုများက အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို

သက်ငယ်မုဒိမ်းဖြင့်တိုင်ကြားခံရသည့် NLD ပါတီ ဝင်ကိစ္စ (NUG) က ပွင့်လင်းမြင်သာစွာ တရားမျှတမှုရှိရှိ ဖော်ထုတ်ပေးရန် တော်လှန်ရေးအင်အား စုများက အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို

Hsan Loi Editor
13/05/2023
Share:

 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်ဖြစ်ပွားခဲ့သော NLD ပါတီ ဝင် တစ်ဦးမှ သက်ငယ် မုဒိမ်းကျူးလွန်သည်ဟုဆိုသည့် ကိစ္စ နှင့် ပတ်သက်ပြီး အမျိုးသားညီ ညွတ်ရေးအစိုးရ NUG ၏ ဆောင်ရွက်ချက်များအပေါ် ဝေဖန်ထောက်ပြမှုများ ရှိနေသည် ။

 

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်တွင်း တော်လှန်ရေးအင် အား စုများကမေလ ၁၂ ရက်နေ့တွင် NUG ထံ ပွင့်လင်းမြင်သာစွာ တရားမျှတမှုရှိရှိ ဖော်ထုတ်ပေးရန်နှင့်မတ ရား မှုမှန်သမျှ နှုတ်မဆိတ်ဘဲဖော် ထုတ်ကြရန်တိုက်တွန်း တောင်းဆိုလိုက်သည် ။

 

မဲဆောက်မြို့တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် CDM တွဲဘက်ပါမောက္ခဆရာမ ၏ ၅ နှစ်အရွယ်သမီးကို NLD ပါတီ တွံတေးမြို့နယ်၊ မြို့နယ်အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးအောင်မင်း ဆိုသူက အဓမ္မပြုကျင့်ခဲ့ကြောင်း မေလ ၂ရက် ရက်စွဲဖြင့်NUG အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနထံ တိုင်ကြားထား သည့်စာမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံခဲ့သည် ။

 

 

 

ကလေးငယ်၏ ထွက်ဆိုချက်များနှင့် CDM သူနာပြုဆရာမ၏ ကနဦးစမ်းသပ်စစ်ဆေးချက်များအရ လက်ဖြင့် စမ်းသပ်ထားခြင်း၊ လက်ဖြင့်ထိုးသွင်းခြင်း၊ လိင်အင်္ဂါတို့ဖြင့် ထိုးသွင်းထားသည်ဟု ယူဆ ချက်များ၊ ကလေးငယ် ၏ မိန်းမကိုယ်တွင် အ ပေါက်ဖြစ်နေသည်ဟု ယူဆရကြောင်းတိုင်ကြားစာတွင် ရေးသားထား သည်။

 

ကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့်အ တွက် သက်ဆိုင် ရာ တာဝန်ရှိသူများနှင့်ချိတ် ဆက်လုပ်ဆောင်မည် ဖြစ်ပြီး ယင်းသို့လုပ်ဆောင်ရခြင်းမှာ နိုင်ငံတကာတရား ဥပဒေနှင့်တိုင်ကြားသူ၏ ဆန္ဒ တို့ကို အလေးပေး လုပ်ဆောင်ရတာဖြစ် ကြောင်း NUG အစိုးရ၊အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ် ရေးရာဝန်ကြီးဌာနက မေ ၁၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်လာသည် ။

 

သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနအနေနှင့် မေ ၂ ရက်နေ့တွင် ကလေးမိခင်၏ တိုင်ကြားစာကို လက်ခံရရှိခဲ့ချိန်မှစ၍ ဝန်ကြီးဌာနအနေနှင့် အမှန်တရားပေါ်ပေါက်ရေး၊ လူ့ဂုဏ်သိက္ခာ အကာကွယ်ပေးနိုင်ရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေးအတွက်လုပ်ဆောင်နေကြောင်း ဖော်ပြထား သည် ။

 

၄င်းအပြင်” အကြမ်းဖက်ခံရသူများအားကာကွယ်စောင့် ရှောက်ရေးလမ်းညွှန် (GBV Case Management Guideline)” နှင့်အညီ ဆောင်ရွက်ထားကြောင်း နှင့် သံသ ယတရားခံကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရဲ တပ်ဖွဲ့က မေးမြန်းစစ်ဆေးခဲ့ကာ ယခုအခါမှာ အမှုတည်ဆောက်၊ တရားစွဲတင်ရန် လုပ်ဆောင်နေပြီး တရားရေးဘက်မှလည်း အမှုစစ်ဆေးခြင်း၊ အမှုဖြစ်စဉ်အပေါ်မူတည်ပြီး ဖမ်းဝရမ်းထုတ်ခြင်းလုပ်ငန်းစဉ်များကို ဆက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းထုတ်ပြန်ချက်တွင် အသိ ပေးထားသည် ။

 

စွပ်စွဲခံရသူ ဦးအောင်မင်းကို အမည်မဖော်လိုသည့် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသော်လည်း လက်ရှိ၌ လွှတ်ပေးလိုက်သည်ဟု လည်းကောင်း၊ ထွက်ပြေးလွတ်မြောက်နေသည်ဟုလည်းကောင်း သတင်းများလည်းထွက်ပေါ်နေသော်လည်း အတည် ပြုနိုင်ခြင်းမရှိ သေးပေ ။

 

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ နိုင်ငံရေး၊ လူ့အခွင့်အရေးစောင့်ကြည့် လေ့လာသူများနှင့် တော်လှန် ရေး အဖွဲ့အစည်းအသီးသီးက NUG ၏ အရေးယူမှုကို စောင့်ကြည့်နေ ကြသည်။

 

၂၀၂၁ ခုနှစ် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် တွင် မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများ၊ CDM လှုပ်ရှားမှုတွင် ပါဝင်နေ သည့် နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံရေးသမားအများစုသည်နိုင်ငံတွင်းမှထွက်ပြေး တိမ်းရှောင်ပြီး အိမ်နီးချင်းနိုင်ငံ များတွင် ခိုလှုံနေကြရသည် ။

 

ယင်းသို့ခိုလှုံရာတွင် အစုလိုက်အပြုံလိုက် ထွက် ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည့်အတွက် တိုင်းတပါးရှိ Safe House များ၊ Hostel များတွင် ခက်ခက်ခဲခဲ စုစည်းနေထိုင်နေကြရသည်။