ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ရှမ်းပြည် မိုင်းပေါက်မြို့နယ် “ဝ” ဒေသတွင် စက်တင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့က ဖမ်းဆီးရမိသော “ကျားဖြန့်” ခေါ် ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို UWSA က တရုတ်အစိုးရထံ လွှဲအပ်ပေးကြောင်း သတင်းရရှိသည်။
တရုတ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့် အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်း နေရာများကို ဝင်ရောက်စီးနင်း၍ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျားဖြန့်” ခေါ် ငွေကြေးလိမ်လည်မှုဂိုဏ်းသည် ယခင်က တရုတ်မြန်မာ နယ်စပ်မြို့များတွင်သာ ရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးအပြင် သျှမ်းပြည်နယ်မြောက်ပိုင်း မြို့ကြီးများတွင်ပါ ပျံ့နှံ့လာနေခြင်းဖြစ်သည်။
ယခုဖမ်းဆီးရမိသော တရုတ်နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို ဖော်ပြထားခြင်းမရှိသလို တရုတ်နိုင်ငံဘက်မှလည်း မည်ကဲ့သို့အရေးယူမည်ကို မသိရသေးပါ။
ကျားဖြန့် ဟုခေါ်သော ငွေကြေးလိမ်လည်သူများကြောင့် မြန်မာနိုင်ငံသားများစွာ လောင်းကစားဂိမ်းများကစားပြီး ဘဝပျက်ခဲ့ရသလို စီးပွားရေးလုပ်ငန်းရှင်များကိုပါ ဦးတည်လာကြောင်း သိရသည်။
photo credit & original uploader