ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဝ” တောင်ပိုင်း‌ဒေသထဲ နေထိုင်ပြီး ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်သူ “ ဝ”  အမျိုးသားများ၊ စစ်မှုထမ်းဖို့ နေရပ်ဆီသို့ အမြန်ဆုံးပြန်လာရန် “ ဝ” တောင်ပိုင်းစစ်ဒေသမှ စာထုတ်ပြန်

ဝ” တောင်ပိုင်း‌ဒေသထဲ နေထိုင်ပြီး ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်သူ “ ဝ” အမျိုးသားများ၊ စစ်မှုထမ်းဖို့ နေရပ်ဆီသို့ အမြန်ဆုံးပြန်လာရန် “ ဝ” တောင်ပိုင်းစစ်ဒေသမှ စာထုတ်ပြန်

Hsan Loi Editor
31/08/2024
Share:

 

သျှမ်းပြည်နယ်တိုက်ပွဲအတွင်း နယ်မြေအသီးသီး ဆီကို ကာကွယ်ဖို့ တပ်သားတွေ စေလွှတ်နိုင်ရန်အတွက်ဆိုပြီး “ ဝ” တောင်ပိုင်းဒေသအတွင်း နေထိုင်ပြီး ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသော “ ဝ” အမျိုးသားများအနေဖြင့် မိမိနေရပ်ဆီကို အမြန်ဆုံးပြန်လာပြီး စစ်မှုထမ်းဆောင်ကြရန် “ ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တောင်ပိုင်းစစ်ဒေသ(၁၇၁) မှ ယမန်နေ့ သြဂုတ်လ (၃၀)ရက်‌နေ့က ထုတ်ပြန်လာခဲ့ပါသည်။

 

ပြည်ပနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သည့်တောင်ပိုင်း “ ဝ” အမျိုးသားများ အနေဖြင့် သြဂုတ်လ (၃၁)ရက်နေ့မှ စတင်ပြီး စက်တင်ဘာ(၇)ရက်နေ့ နောက်ဆုံးထားကာ သက်ဆိုင်ရာလုံခြုံရေးဌာနတွေမှာ စာရင်းပေးသွင်းကြရန်နှင့်ပျက်ကွက်ပါက ဖမ်းဆီး အရေးယူသွားမှာ ဖြစ်ကြောင်းသိရသည်။

 

“ ဝ” ဒေသမှာ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေကို ယခင်ကတည်းက ကျင့်သုံးလာပြီး စစ်မှုထမ်းကာလကို အမျိုးသမီး ၅ နှစ်၊ အမျိုးသား ၉ နှစ်စီသတ်မှတ်ထားကြောင်း သိရသည်။

 

“ ဝ” ဒေသရှိ တောင်ပိုင်းနဲ့ မြောက်ပိုင်းထဲ စစ်မှုထမ်းရန် တပ်သားအင်အား (၄၀၀၀)စီ ကောက်ခံသွားမှာ ဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ(၁၇၁)မှ တာဝန်ရှိသူတစ်ဦးက ဒေသတွင်း မီဒီယာတစ်ခုမှာ ဖြေဆိုထားကြောင်း သိရသည်။