ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လွိုင်လင်-မိုင်းပွန်ကြား ကားများသွားလာ၍မရသေးဘဲ ရေကြီးရေလျှံမှုဖြစ်ပေါ်နေ

လွိုင်လင်-မိုင်းပွန်ကြား ကားများသွားလာ၍မရသေးဘဲ ရေကြီးရေလျှံမှုဖြစ်ပေါ်နေ

Hsan Loi Editor
13/10/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်-မိုင်းပွန်ကားလမ်းမကြီး လွိုင်လင်မြို့အဝင် ပန်ဝိုးရွာတွင် ရေကြီးရေလျှံဖြစ်ပေါ်နေပြီး ယနေ့ အောက်တိုဘာလ (၁၂)ရက်နေ့အထိ ကားကြီးကားငယ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ယာဉ်များပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနိုင်ရန်အတွက် တာဝန်ရှိသူများက ရေစုပ်စက်ကြီးများဖြင့် ရေကြီးရေလျှံဖြစ်ပေါ်နေသော နေရာအား ရေစုပ်ထုတ်နေဆဲဖြစ်သည်။

“ရေတွေပြန်ကျသွားတာ သိပ်မကြားသေးဘူး မိုး(၃)ရက်လောက်ပြန်ရွာလိုက်တာ အခုရေပြန်ကြီးနေပြီ။ လွိုင်လင်မြို့အဝင် ကားလမ်းမကြီးမှာ ရေပြန်တက်လာလို့ ကားကြီးတွေရော ကားငယ်တွေရော ဖြတ်လို့မရတော့ဘူး။ အခြားလမ်းတွေဖြစ်တဲ့ လွိုင်လင်-ပင်လုံ-ကျောက်တန်းလမ်းကနေပဲ တောင်ကြီးကိုသွားနေရတယ်။ ဒါတောင်မှ စနင်းတောင်တန်းပေါ်မှာ လမ်းပြိုနေတာတွေရှိတော့ တော်တော်သတိထားပြီး သွားလာနေရတယ်။”ဟု တောင်ကြီး-လွိုင်လင် ခရီးသည်တင် ယာဉ်မောင်းတစ်ဦးကပြောပြသည်။

လွိုင်လင်-မိုင်းပွန်လမ်း ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသောကြောင့် တောင်ကြီး-လွိုင်လင်သွားလာမည်ဆိုပါက လွိုင်လင်-ပင်လုံ-ကျောက်တန်း-တောင်ကြီးလမ်းအပြင်၊ လွိုင်လင်-နမ့်စန်-မောက်မယ်-ဆိုက်ခေါင်-တောင်ကြီး လမ်းများကို အသုံးပြုသွားလာနေရကြောင်း သတင်းရရှိသည်။