ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အခြေစိုက်ခြေလျင် တပ် ရင်း (၂၆၁)ကစစ်မှုထမ်း တပ်သားတစ်ဦး လက်နက် ခဲယမ်းတွေနဲ့အတူ KNDF ထံ ထွက်ပြေးခိုလှုံ လာခဲ့တယ်လို့ သိရပါတယ် ။
ဇန်နဝါရီလ (၂၀)ရက်နေ့က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံ ထွက်ပြေးခိုလှုံလာခဲ့ကြောင်း KNDF ဗဟိုက ဇန်နဝါရီလ (၂၂)ရက်နေ့မှာ
ထုတ်ပြန်ထားပါတယ် ။
အဲ့ဒီတပ်သားဟာ စစ်ကောင်စီရဲ့မတရား စစ်မှုထမ်း ဥပဒေကြောင့်အတင်းအဓမ္မတပ်သားသစ် စု ဆောင်းခံရသူဖြစ်ပြီး စစ်ဆင်ရေးအတွင်း လက်နက်နဲ့ထွက်ပြေးခဲ့တယ်လို့ KNDF က ဖော်ပြထားပါတယ် ။
တပ်သားနဲ့အတူ MA (11) ၁ လက် နဲ့ လက် နက်ခဲယမ်းတွေ ပါလာခဲ့ပြီး KNDF တပ်ရင်း (၃၄) ကိုထွက်ပြေး ခိုလှုံလာခဲ့တယ်လို့ သိရပါတယ် ။
ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေ အနေနဲ့
လည်း စစ်အာဏာရှင်လူတစ်စုရဲ့ အကျိုးစီးပွားအတွက် အကြမ်းဖက်လုပ်ငန်း လုပ်ကိုင်မယ့်အစား ပြည်သူ့ရင်ခွင့်ခိုလှုံပြီး လက်နက်ချ အလင်းဝင်ကြဖို့ KNDF ဗဟိုက တိုက်တွန်းထားပါတယ် ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၈)ရက်နေ့ကလည်းစစ်ကောင် စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ် စု ဆောင်းခံရသူ တစ်ဦး လက်နက်ခဲယမ်းတွေနဲ့ KNDF တပ်ရင်း (၃၄) ဆီကို အလင်းဝင်ရောက်ခဲ့သေးတယ်လို့ သိရပါတယ် ။
Photo – KNDF