ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လျှပ်စစ်ဓါတ်အားလိုအပ်ချက်အတွက် ဆိုလာစနစ်နဲ့ ဓါတ်အားရရှိဖို့ လုပ်ငန်းရှင်များ ဝိုင်းဝန်း ဆောင်ရွက်ကြရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညွှန်ကြား

လျှပ်စစ်ဓါတ်အားလိုအပ်ချက်အတွက် ဆိုလာစနစ်နဲ့ ဓါတ်အားရရှိဖို့ လုပ်ငန်းရှင်များ ဝိုင်းဝန်း ဆောင်ရွက်ကြရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညွှန်ကြား

Hsan Loi Editor
11/01/2025
Share:

 

လျှပ်စစ်ဓါတ်အားလိုအပ်ချက်အတွက် မိမိတို့အနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိပြီး မိတ္ထီလာသည် နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ဓါတ် အားထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်လို့ ဆိုလာစနစ်နဲ့ ဓါတ်အားရရှိဖို့ လုပ်ငန်းရှင်များ ဝိုင်းဝန်းဆောင်ရွက်ကြရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ညွှန်ကြားထားပါတယ်။

 

ယမန်နေ့ ဇန်နဝါရီလ(၁၀)ရက် မွန်းလွဲပိုင်းက MSME လုပ်ငန်းရှင်များနဲ့ မိတ္ထီလာမြို့မှာ တွေ့ဆုံ ချိန် အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။

 

လုပ်ငန်းရှင်များအနေနဲ့ မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများ ဆောင်ရွက် နိုင်ပြီး လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးနိုင်မှုနဲ့ ပတ်သက်ပြီး ဖျက်ဆီးခံရမှုများ၊ အချို့စက်ရုံများအနေနဲ့ စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓါတ်ငွေ့လိုအပ်ချက် မပြည့်မီမှုများကြောင့် အခက်အခဲများရှိ ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာမှာ ကန့်ကွက်မှုများလည်း ရှိနေတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် တနိုင်ငံလုံး လျှပ်စစ်ဓါတ်အား ဆိုးရွာစွာပြတ်တောက်နေချိန်မှာ မီးစက်နဲ့ ဆိုလာ စွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲကို ရန်ကုန်မြို့မှာ (၃)ရက်သာကျင်းပနေပြီး မြန်မာနဲ့ တရုတ် ကုမ္ဗဏီများက ပါဝင်ခင်းကျင်းပြသနေတယ်လို့ သိရပါတယ်။