ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ (၃)ရပ်ကွက်ရှိ ကိုစိုင်းမောင်လှ၊ မနန်းခက် တို့ ဖွင့်လှစ်ထားသော စိုက်ပျိုးရေး ဆက်စပ်ပစ္စည်းများအရောင်းဆိုင်အား အောက်တိုဘာလ (၃)ရက်နေ့ ညနေ(၄)နာရီခန့်တွင် လက်နက်ကိုင် အမျိုးသား(၅)ဦးက ဓားပြဝင်တိုက်ခဲ့ကြောင်း သိရသည်။ အမည်မသိ အမျိုးသား(၅)ဦးသည် ကားတစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေသား ကျပ်သိန်း(၁၂၀၀) ကျော်နှင့် ရွှေထည်ပစ္စည်းများ လုယက်ဓားပြသွားခဲ့သည်။
“အောက်တိုဘာလ(၃)ရက်နေ့ ညနေပိုင်းလောက်ကို ကိုစိုင်းမောင်လှဆိုင်ကို ဓားပြတွေက သေနတ်တွေနဲ့ ရောက်လာပြီးတော့ ဆိုင်ကို ဓားပြဝင်တိုက်သွားတာပေါ့နော်။ လူကိုတော့ ဘာမှလုပ်မသွားကြပေမယ့် ငွေ သိန်း (၁၂၀၀) ကျော်နဲ့ ရွှေတွေ+ မီးခံသေတ္တာတွေ၊ ဖုန်းတွေ ပါသွားတယ်လို့ ပြောတယ်။ ဒီနေ့အထိ အဲ့ဒီဓားပြတွေသတင်းအစအနမရသေးပါဘူး။” ဟု လဲချားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြသည်။
“ဓားပြ (၅)ယောက်က ကားတစ်စီးနဲ့ရောက်ချလာပြီးတော့ ၂ ယောက်က အိမ်ရှင်တွေကို အိမ်အပေါ်ထပ်ခေါ်သွားပြီး သေနတ်နဲ့ချိန်ထားပြီးတော့ အိမ်သော့တွေ တောင်းတယ်။ ကျန်တဲ့ (၃) ယောက်တော့ တစ်ယောက်က အိမ်အောက်ထပ် ဆိုင်ထဲကို ဝင်မွေနှောက်ပြီး ရတာတွေ အကုန်ယူတယ်။ တစ်ယောက်က အိမ်ထဲက အခန်းတွေထဲကို ဝင်မွေပြီးတော့ ကျန်တဲ့တစ်ယောက်က ကားပေါ်စောင့်ပေးတယ်။” ဟု ၎င်းမှ ဆက်လက်ပြောပြသည်။
သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့တွင် ဒေသတွင်းပြည်သူ့စစ်အဖွဲ့များအပြင် တိုင်းရင်းသားလက်နက်များ ကျင်လည်ရာမြို့ဖြစ်ပြီး ယခုလို မသမာမှုများ ပေါ်ပေါက်ခဲ့သော်လည်း ယနေ့အထိ တရားခံအား ဖမ်းဆီးနိုင်ခြင်းမရှိသေးပါ။