ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လဲချားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စု နောင်ဝိုးကောင်းအိုင်ကျေးရွာသူ မိန်းကလေးငယ်တစ်ဦး တစ်ပတ်ခန့်ပျောက်ဆုံးလျက်ရှိ

လဲချားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စု နောင်ဝိုးကောင်းအိုင်ကျေးရွာသူ မိန်းကလေးငယ်တစ်ဦး တစ်ပတ်ခန့်ပျောက်ဆုံးလျက်ရှိ

Hsan Loi Editor
26/06/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း‌ လဲချားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စု နောင်ဝိုးကောင်းအိုင်ကျေးရွာတွင် နေထိုင်သော အမျိုးသမီးငယ်တစ်ဦး နေအိမ်မှာထွက်ခွာသွားပြီး တစ်ပတ်ကြာသည့်အထိ အဆက်အသွယ်ပြန်မရဘဲ ပျောက်ဆုံးနေသောကြောင့် မိသားစုဝင်များ စိုးရိမ်ပူပန်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ပျောက်နေသော အမျိုးသမီးငယ်သည် နောင်ဝိုးကောင်းအိုင်ရွာသူ နန်းကိန်ခမ်း ဖြစ်ပြီး စိုင်းစေ+နန်းထူးနောင့် သမီးဖြစ်ကြောင်း သိရသည်။

 

“အိမ်ကနေ ထွက်သွားတာက (၂၀.၆.၂၀၂၃) ရက်နေ့ ညနေ (၃)နာရီလောက်ကပေါ.။ နွားတွေကို အိမ်ခြံဝန်းထဲပို့ရင်းပြန်လာတော့ အမေနဲ့စကားများကြတယ်။ အမေကဆူတော့ စိတ်ဆိုးပြီး အိမ်ကနေ ထွက်သွားတယ်။ အိမ်ကနေထွက်သွားတဲ့အချိန် ဘာမှလည်းယူမသွားဘူး ဖုန်းတစ်လုံးပဲပါသွားတယ်။ အဲ့နေ့ကမိုးလည်းရွာတော့ ချက်ချင်းလိုက်မရှာနိုင်ဘဲ စောင့်ကြည့်နေတာပေါ့။ ဒီကနေ့အထိ ရွာသူရွာသားတွေ ပြန်လိုက်ရှာကြည့်တော့ မတွေ့ဘူး။ သူ့ဖုန်းကို ဆက်သွယ်ကြည့်လည်း ဖုန်းလိုင်းကမတက်ဘူး။” ဟု မိသားစုဝင်များက Ngao Neng Hun Mai သတင်းထံ ပြောပြထားသည်။

 

၎င်းကို အနီးအနားကျေးရွာမှ ရွာသူရွာသားများလိုက် ကူညီရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း သတင်းအစအန ပြန်မရသေးပါ။ ယခုအခါ မိဘနှင့်မိသားစုဝင်များက စိုးရိမ်ပူပန်လျက်ရှိပြီး မအိပ်နိုင် မစားနိုင်ဖြစ်နေပါသည်။ ထိုအမျိုးသမီးငယ် တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်ပေးပါရန် အကူအညီတောင်းခံထားသည်။