ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လဲချားမြို့တွင် နှစ်ပေါင်းတစ်ထောင်ခန့်ရှိသော ရှေးဟောင်းဘုရားဆင်းထုတော်များ တူးဖော်တွေ့ရှိ

လဲချားမြို့တွင် နှစ်ပေါင်းတစ်ထောင်ခန့်ရှိသော ရှေးဟောင်းဘုရားဆင်းထုတော်များ တူးဖော်တွေ့ရှိ

Hsan Loi Editor
29/12/2022
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် (၅) ရပ်ကွက် ဟိုနောင်ရပ်ကွက်မှ ဒေသခံများ စုပေါင်းပြီး ဒီဇင်ဘာလ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့တို့တွင် နှစ်ပေါင်း တစ်ထောင်ခန့်ရှိသော ရှေးဟောင်းဘုရားဆင်းထုတော်များစွာကို တူးဖော်တွေ့ရှိခဲ့ကြောင်း Tai TV Online သျှမ်းဘာသာမှ ဖော်ပြထားသည်။

“ဟိုနောင်အွန်ရပ်ကွက် မူလတန်းကျောင်းနားမှာ အရင်က ရှေးစေတီ(၂)ဆူ ရှိတယ်။ ဒါပေမယ့် အဲ့ဒီနားမှာ လူနေအိမ်တွေလည်း များလာတယ်။ အဲ့ဒါကြောင့် ရပ်ကွက်လူကြီးတွေက ဘုရားနဲ့ ပိုပြီး တင့်တယ်တဲ့နေရာကို ရွေ့ပြောင်းဖို့လုပ်ကြတယ်။ ပိုပြီးကျယ်ကျယ်ဝန်းဝန်းရှိတဲ့ နေရာကို ပြောင်းရွေ့ဖို့ လုပ်ကြတယ်။

ဒီဇင်ဘာလ (၂၆) နဲ့ (၂၇) ရက်နေ့မှာ တူးဖော်ကြရင်းနဲ့ပဲ ရှေးဟောင်းဘုရားဆင်းထုတော် (၆၀) ဆူ ခန့်ကို တူးဖော်တွေ့ရှိခဲ့တယ်။ အဲ့ဒီအထဲမှာ ၁၁ ရာစုနှစ်ကတည်းက သွန်းလောင်းထားသည့် ဆင်းထုတော် (နှစ်ပေါင်း ၉၀၀) ခန့်နဲ့ ပတ္တမြားဆင်းထုတော်နှင့် အခြားဆင်းထုတော်များ ကို တွေ့ရှိခဲ့တယ်။

အခုတော့ တူးဖော်တွေ့ရှိထားတဲ့ ဗုဒ္ဓဆင်းထုတော်များကို အနီးရှိ နေအိမ်တစ်အိမ်ထံ ဒေသခံတွေ ဖူးမြော်နိုင်ဖို့ ခတ္တ ပင့်ဆောင်ထားတယ်” ဟု Tai TV Online ကို ပြောပြခဲ့သည်။

 

credit photos & Tai TV online
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/