နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် ဆရာ တော် သံဃာတော်များမှ ဉီးစီးဦးဆောင်၍ ၂ လကျော်ကြာ ဖွင့်လှစ်သင်ကြားလာခဲ့သည့် (၂၉)ကြိမ်မြောက် နွေရာသီသျှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းကို မေလ ၄ ရက်နေ့က ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။
နွေရာသီသျှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ၂ လ ကျော်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသူ သင်တန်းသားများ စုစုပေါင်း(၃၆၀၀) ကျော်တက်ရောက်သင်ယူကာ သင်ကြားရေးဆရာ ၂၀၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
နောင်လာမည့်မျိုးဆက်သစ်လူငယ်များအနေဖြင့် သျှမ်းစာပေနှင့် သျှမ်းယဉ်ကျေးမှုများ မပျောက်ပျက်အောင် တန်ဖိုးထား သင်ယူတတ်ခြင်း အပါအဝင် ဗုဒ္ဓဝင်အကြောင်းအား လေ့လာသိရှိနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။