ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ရှိ တရုတ်အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ပါဝင်ပါတ်သက်သူများကို တရုတ်အစိုးရ၊ ထိုင်းအစိုးရတို့ ဖိဖိစီးစီး ဖမ်းဆီးမှုပြုလုပ်သည့်နောက်ပိုင်း လောက်ကိုင်အခြေစိုက် တရုတ်ငွေလိမ်ဂိုဏ်းများနှင့် ပါဝင်ပါတ်သက်သူများက ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်နေကြရာ ၎င်းတို့၏ ရွှေတုံးများနှင့် အဖိုးတန်ရတနာများကိုပါ ဝ တောင်ပိုင်းအခြေစိုက်ရာ ၁၇၁ ဘက်သို့ သယ်ယူရွှေ့ပြောင်းယုံသာမက ထိုင်းမြောက်ပိုင်းဒေသသို့ပါ ဦးတည်ရွှေ့ လျားလာနေကြသည်။
၁၀၂၇ MNDAA ၏ စစ်ဆင်ရေးက စစ်ကောင်စီတပ်စခန်းများကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ရာ သျှမ်းမြောက်ပိုင်းဒေသ သျှမ်းပြည်သူပြည်သားများနှင့် သျှမ်းပြည်ဖွား တရုတ်အနွယ်ဝင်များ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရသကဲ့သို့ စစ်ဘေးရှောင်များဖြစ်သွားကြသည်။
MNDAA ကိုးကန့်တပ်ဖွဲ့၏ ယခု ထိုးစစ်ဆင်နွဲရခြင်း၏ ရည်ရွယ်ချက်သည် ကိုးကန့်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် UWSA မိုင်းပေါက် ဝ ဒေသရှိ တရုတ်လူမျိုးများပိုင်ဆိုင်သော ဟိုတယ်နှင့် ဖျော်ဖြေရေးလုပ်ငန်းကြီးများက ရရှိသော ဝင်ငွေများ၊ တရုတ်နိုင်ငံရဲတပ်ဖွဲ့က အဆိုပါတရုတ်အမျိုးသားများကို ဝင်ရောက်ဖမ်းဆီးမှုတို့ကြောင့် ဖြစ်သည်။ Warner၊ Fu li lai ၊Yinzuan စသည့် ကာစီနိုလောင်းကစားကြီးများ အမှန်တကယ်ရှိကြပါသည်။
အဆိုပါ ဆဝိတ့်ရွှေတုံးများ အဖိုးတန်ရတနာများ၊ လက်နက်ပစ္စည်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများသည် လောက်ကိုင် ကိုးကန့်ဒေသမှ သျှမ်းအရှေ့ တာချီလိတ်မြို့နယ်နှင့် UWSA 171 တောင်ပိုင်းသို့ ဝင်ရောက်လာကြမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ တရုတ်သူဌေးပိုင် ယောဝ်ဝရတ်ရွှေလုပ်ငန်းကြီး၌ ဂိတ်ဆုံးကြမည်ဖြစ်သည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ၎င်းတို့အဖွဲ့ဝင် စုစုပေါင်း ၃၁၀၀၀ (သုံးသောင်းတထောင်) ဦးကို တရုတ်ပြည်ထဲရေးဝန်ကြီးဌာန MPS က တရုတ်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု တရုတ်ပိုင် Global Times သတင်းစာမှ နိုဝင်ဘာလ ၂၁ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။
နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကြီးကို အောင်မြင်စွာ ဖမ်းဆီးနှိမ်နှင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ငွေကြေးရင်းနှီးမြုပ်နှံသူနှင့် ခေါင်းဆောင်ဖြစ်သူ ၆၃ ဦးနှင့် ပါဝင်ပါတ်သက်သူ ဝန်ထမ်း ၁၅၃၁ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တရုတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများသည် ယူနန်ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာအာဏာပိုင်အချို့နှင့် အတူတကွ ပူးပေါင်း၍ စက်တင်ဘာလကတည်းက ဖမ်းဆီးခဲ့သည်။
လောက်ကိုင်ဒေသ၌ ဖမ်းဆီးရမိသူများတွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင်ပိုင်းဖြစ်သော Ming Guoping၊ Ming Julan၊ Ming Zhenzhen နှင့် Ming Xuechang (သေဆုံး) တို့ပါဝင်ကြသည်။
နိုဝင်ဘာလ (၁၈) ရက်နေ့တွင် တရုတ်ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာအာဏာပိုင်များ ထပ်မံ ပူးပေါင်း၍ မူဆယ်မြို့နယ် အခြေစိုက် အွန်လိုင်းငွေလိမ်လည်သူ ၅၇၁ ဦးကို တရုတ်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခဲ့သည်။
ဖမ်းဆီးမှုမှ လွတ်မြောက်သွားသော တရုတ်အမျိုးသား အွန်လိုင်းငွေလိမ်ဂိုဏ်း ၁၀၀၀ (တထောင်ဝန်းကျင်သည်) သျှမ်းပြည် အရှေ့ပိုင်းနှင့် အခြားနေရာဒေသများသို့ တိမ်းရှောင်ထွက်ပြေးနေကြသည်ဟု သတင်းရရှိထားသည်။
Ref: Maesaipress, Global Times