ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကတောင်ကြီးမြို့နယ် ၊အေးသာယာတွင်နေ ထိုင်သည့် လူပျောက်တိုင်တန်းထားသော အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးကို ညောင်ရွှေမြို့ နယ်၊ ကန်ဒေါင့်ရွာအနီးတွင် သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း သိရသည် ။
အေးသာယာမြို့အကွက်ကြီး(၇)၊ နယ်မြေ ၁၂ / ခ ရပ် ကွက် တွင်နေထိုင်သော အသက် ၇၀ နှစ်ရှိ ဦးကြည်အေး သည် ဧပြီ ၂၅ ရက်နေ့က နေအိမ်မှ ထွက်သွားခဲ့ပြီးနောက် ၄င်း၏ မိသားစုဝင်များနှင့်ရပ် ကွက်နေရင်းနှီးသူမိတ်ဆွေများမှလိုက်လံရှာဖွေခဲ့သော် လည်း မတွေ့ရှိသဖြင့် မိသားစုဝင်များက အေးသာယာရဲ စခန်းတွင်လူပျောက်တိုင်တမ်းအမှုဖွင့်လှစ်ခဲ့ကြောင်းသိရသည် ။
ဦးကြည်အေးကို ဧပြီ ၂၉ ရက်နေ့က ညောင်ရွှေမြို့ နယ်၊ ကန်ဒေါင့်ရွာအနီးတွင် သေဆုံးလျှက်တွေ့ရှိခဲ့ပြီးဓမ္မတာအတိုင်းသေဆုံးချင်းဟုတ်မဟုတ်သက်ဆိုင်ရာနယ်မြေရဲစခန်းမှသေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရှိရပါသည် ။