ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုး သီပေါ ပြည်ထောင်စုလမ်းပေါ်ရှိ စဉ့်အင်ဖောင်ဆိပ် ပုံမှန်သွားလာလို့ရပြီဖြစ်

လားရှိုး သီပေါ ပြည်ထောင်စုလမ်းပေါ်ရှိ စဉ့်အင်ဖောင်ဆိပ် ပုံမှန်သွားလာလို့ရပြီဖြစ်

Hsan Loi Editor
26/08/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုး-သီပေါ ပြည်ထောင်စု လမ်းပေါ်ရှိ စဉ့်အင်ဖောင်ဆိပ်မှာ ချောင်းရေပြန်ကျသွားလို့ ယနေ့ ဩဂုတ်လ(၂၆)ရက်မှာ အတက်အဆင်းကားများ ဖောင်ကူးပြီး သွားလာနေကြကြောင်း သိရသည်။

 

သီပေါ မှ နမ့်လန် အထိ မူလလမ်းအတိုင်း သွားလာလို့ရပြီး တိုက်ပွဲအ‌ခြေအနေပေါ် မူတည်ပြီး လမ်းဖွင့်ပေးကြောင်း သိရသည်။

 

” အခု အခြေအနေတွေက ပြောင်းလဲတတ်တာမို့ မေးမြန်းစုံစမ်းပြီးတော့ သွားလာစေချင်ပါတယ် “ လို့ ဒေသခံ ကားသမားတစ်ဦးက ပြောသည်။

 

သျှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးဖြစ်တဲ့ ရပ်စောက်-အင်တော- ကျောက်ဂူ-နမ့်လန် လမ်းပိုင်းမှာ‌တော့ မိုးသည်းထန်စွာ ရွာထားမှုကြောင့် သွားလာရခက်ခဲကြောင်း အဆိုပါ လမ်းအသုံးပြုသူထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ(၂၅)ရက် မွန်းလွဲပိုင်းအချိန်က စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သီပေါမြို့မှ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း သိရှိရပါသည်။