ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သိန္နီ-ချင်းရွှေဟော် ကားလမ်းမကြီးပေါ်ရှိ နားတီးကျေးရွာအနီး (၃၃)မိုင်တွင် ကုန်တင်တွဲကားတစ်စီး ယနေ့ မေလ(၂၆)ရက်နေ့ နံနက်ပိုင်း၌ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
အဆိုပါလမ်းမကြီးကို KIA အဖွဲ့မှ တစ်ခါတစ်ရံ ကုန်တင်ယာဉ်ကြီးများအား အခွန်ကောက်ခံလေ့ရှိကြောင်း ကုန်တင်ကားကြီးမောင်းသော ကားသမားများက ပြောပြသည်။ ယခုအဖြစ်အပျက်ကို မည့်သည့်အဖွဲ့အစည်းက ကျူးလွန်ပြီး မည်သည့်အတွက်ကြောင့် မီးရှို့ဖျက်ဆီးသည်ကို မသိရေသေးပါ။
ဆက်စပ်သတင်းများအရ ယာဉ်မောင်းကိုလည်း အမည်မသိအဖွဲ့အစည်းမှ ကုန်တင်ယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကားမောင်းသမားကိုလည်း ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။