ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုး-မန္တလေး လမ်းမကြီးအား ကားများပုံမှန်အတိုင်းသွားနိုင်နေသေးသော်လည်း မန္တလေး-နမ္မတူလမ်း ပိတ်ထားဟုဆို

လားရှိုး-မန္တလေး လမ်းမကြီးအား ကားများပုံမှန်အတိုင်းသွားနိုင်နေသေးသော်လည်း မန္တလေး-နမ္မတူလမ်း ပိတ်ထားဟုဆို

Hsan Loi Editor
13/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ မန္တလေးမြို့သို့ လားရှိုး-သီပေါ- ကျောက်မဲ-နောင်ချို-ပြင်ဦးလွင်-မန္တလေး လမ်းမကြီးအား ယနေ့
အထိ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်နေသေးကြောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့၌ သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ-သီပေါ လမ်းပိုင်း ပန်နေရွာအနီးရှိ လမ်းမကြီးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မြောင်းတူးပြီး ကားအသွားအလာအား ဖြတ်တောက်ခဲ့သည်။

ဆက်စပ်သတင်းများအရ ယနေ့တွင် လားရှိုး-သိန္နီလမ်း၊ မန္တလေး-နမ္မတူလမ်း ပိတ်ထားပြီဟု သိရသည်။