နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုးမှာ အမျိုးသမီးတစ်ဦး ဖုန်းလုဓါးပြတိုက်ခံရ 

လားရှိုးမှာ အမျိုးသမီးတစ်ဦး ဖုန်းလုဓါးပြတိုက်ခံရ 

Hsan Loi Editor
23/04/2025
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပါရမီလမ်း သွယ် ၂၀၇၊ ထင်းရှုးမြိုင်သွားလမ်းမှာ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်ခန့်က အမျိုးသမီးငယ်တစ်ဦးစာသင်ပြီး လမ်း‌လျှောက်ပြန်လာချိန် ဖုန်းလုခံရပြီး ဓါးဖြင့်ပါ ခုတ်ခံလိုက်ရတယ်လို့ သိရပါတယ် ။

 

” ကျမ ညီမ ကလေးတွေကို စာသင်ပြီးအပြန် လမ်း လျှောက်ပြန်လာချိန် ဖုန်းလု ဓါးပြတိုက်ခံရပါတယ်၊စာသင်ပြီး ပြန်လာချိန်ဆိုတော့ ဇစ်ကွမ်ဘာဘူး ( ဇစ်ဆွဲခဲတံအိတ် ) လည်းကိုင်ထားပါတယ် ၊ ဖုန်းလုရင်း လမ်းဘေးချုံမှာ ဖုန်းတစ်ဖက်ပစ်လိုက် ကွမ်ဘာဘူး တစ်ဖက်ပစ်လိုက်နဲ့ အဲ့ဒီမှာ နဘန်းလုံးရင်း ဓါးပြက လည်ပင်းကို ဓါးအရှည်နဲ့ ခုတ်ဖို့ ရွယ်လိုက်တာနဲ့ ညီမက လက်နဲ့ကာလိုက်ရာ လက်မှာ ဒဏ်ရာ အကြီးရသွားတယ်” လို့ လုယက် ခံရသူရဲ့ အစ်မတော်စပ်သူကပြောပါတယ်။

 

အမျိုးသမီးငယ်ဟာ ဖုန်းလုခံရချိန် ဇစ်ဆွဲခဲတံအိတ် နဲ့ ဖုန်းကိုလမ်းဘေးတစ်ဖက်တစ်ချက်စီ ဝဲပစ်လိုက်ပြီး လုယက်သူရဲ့ ဓါးချက်တွေ တစ်ချက် ထိခိုက်မိတဲ့အတွက် လက်ဖျံမှာ ဓါးခုတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဆိုပါလုယက်သူဓါးပြဟာ ဇစ်ဆွဲခဲတံအိတ်ကို ဖုန်းအမှတ်နဲ့ ကောက်ယူသွားတဲ့အတွက် ဖုန်းမပါသွားပဲ ဆိုင်ကယ်ပေါ်တက်စီး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

 

လားရှိုးမြို့ဟာ အုပ်ချုပ်ရေးပိုင်း မခိုင်လုံသေးတဲ့အတွက် ခိုးဆိုးလုနှိုက်မှုများ ဖြစ်ပေါ်လာနိုင်တယ်လို့ မြို့ခံတစ်ချို့ကပြောပါတယ်။