ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရေအေးချောင်းတွင် ဩဂုတ်လ (၂၀) ရက်နေ့က ကလေးငယ်တစ်ဦး ရေကစားရင်း ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ၎င်း၏ ရုပ်အလောင်းကို ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များက နေ့စဉ်နေ့တိုင်းရှာဖွေခဲ့သော်လည်း တစ်ပတ်ကျော်ခန့်အထိ တွေ့ရှိခဲ့ခြင်းမရှိပါ။
ယမန်နေ့ ဩဂုတ်လ (၃၀) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်ခန့်တွင် ရေနစ်သေဆုံးခဲ့သော ကလေးငယ်၏ရုပ်အလောင်းကို လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု၊ အီနိုင်းလုံရွာရှိ ချောင်းထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ကလေးငယ်၏ ရုပ်အလောင်းသည် ပုပ်ပွပျက်စီးနေပြီဖြစ်ကာ အနံ့အသက်လည်းအတော်ဆိုးဆိုး ထွက်နေပြီဖြစ်ကြောင်း သွားရောက်ကူညီခဲ့သော လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
သေဆုံးသူတွင် ဝတ်ဆင်ထားသော အဝတ်အစားများအရ ပျောက်ဆုံးနေသော ကလေးငယ်၏ ရုပ်အလောင်းဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြုပေးခဲ့ပြီး ၎င်းအလောင်းကို ဆယ်ယူကာ လားရှိုးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ လားရှိုးလူငယ်များလူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။