ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုးမြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လမ်းလျောက်နေစဉ် ဖုန်းနှင့်ပိုက်ဆံအိတ်အလုခံရ

လားရှိုးမြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လမ်းလျောက်နေစဉ် ဖုန်းနှင့်ပိုက်ဆံအိတ်အလုခံရ

Hsan Loi Editor
17/12/2022
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၉)ရပ်ကွက် နယ်မြေ (၃) တွင် ယနေ့ ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်ခန့်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လမ်းလျောက်နေစဉ် လူ(၃)ဦးမှ ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာပြီး ၎င်းအမျိုးသမီး လက်ဆွဲအိတ်ကို အတင်းလုယက်ခြင်း ခံခဲ့ရကြောင်း သိရသည်။

 

“သူက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ လမ်းကိုဖြေးဖြေးပဲလျောက်လာနေတဲ့အချိန် လူ(၃)ဦးက ဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီး သူ့လက်ဆွဲကို အတင်းဆွဲလုသွားတာ။ နေ့ခင်းကြောင်တောင် လူတွေသွားလာနေတဲ့အချိန်မှာတောင် ဒီလိုအတင့်ရဲတာဆိုတော့ လားရှိုးမြို့ရဲ့ အနေအထားကို စဉ်းစားသာကြည့်တော့ဗျာ။ သူ့လက်ဆွဲထဲမှာ ပိုက်ဆံနည်းနည်းနဲ့ I Phone XS တော့ ပါသွားတယ်။” ဟု ၎င်းအမျိုးသမီးနှင့် နီးစပ်သူ အသိုင်းအဝိုင်းက ပြောပြသည်။

 

လားရှိုးမြို့တွင် နေ့ခင်းလည်း ဆိုင်ကယ်ခိုးမှုများ ၊ ယခုလို လုယက်မှုများကို အုပ်စုလိုက် ရမ်းကားလုပ်ဆောင်နေကြသလို ညဘက်တွင်လည်း ဖောက်ထွင်းခိုးမှု မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/