ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
MNDAA နှင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော လားရှိုးမြို့အား စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်လျက်ရှိသည်။ ယနေ့ နံနက် (၁၂:၄၅) ဝန်းကျင်ခန့်တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၈) နှင့် ရပ်ကွက် (၁၁) အတွင်း ပေါင် (၅၀၀) ဗုံး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ လားရှိုးမှာ စိတ်ချရတဲ့နေရာဆိုလို့ ပါရမီလမ်းထဲက ဝ ဆက်ဆံရေးရုံးပဲရှိတယ်။ အဲ့မှာတော့ UWSA တပ်သားတွေလည်းစောင့်နေကြသလို ဘယ်လေယာဉ်မှလည်း တခါမှ ဗုံးလာမကြဲဘူး။ ကျန်တဲ့နေရာတွေတော့ ညတိုင်းဘယ်နေရာမှာ ဗုံးကြဲခံရမလဲဆိုတဲ့စိတ်နဲ့ အိပ်နေရတာပါ။” ဟု လားရှိုးမြို့တွင် နေထိုင်သော ပြည်သူတစ်ဦးကပြောသည်။
စက်တင်ဘာလ (၃၀) ရက်နေ့ နံနက် ၁၂ နာရီ ၃၄ မိနစ် မှ ၁၂ နာရီ ၄၃ မိနစ်အတွင်း စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ်သည် လားရှိုးမြို့ ရပ်ကွက်(၁၁) အောင်စေတနာလမ်းသွယ်ရှိ လူနေအိမ်များအပေါ် ပေါင်(၅၀၀) ဗုံး ၂ လုံး ၊ ရပ်ကွက်(၈)ရှိ မနောမိကားပြင်ဆိုင်အနောက်ဘက်အား ပေါင်(၅၀၀) ဗုံး တစ်လုံး ကြဲချခဲ့ပြီး ပြည်သူတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။