နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူလူထုနေအိမ်များ ထိခိုက်ပျက်စီး

လားရှိုးမြို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူလူထုနေအိမ်များ ထိခိုက်ပျက်စီး

Hsan Loi Editor
25/09/2024
Share:

 

ယနေ့ (၂၅.၉.၂၀၂၄) ရက်နေ့ နံနက် (၂:၁၅) နာရီ ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၁၂) အတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

 

လားရှိုးမြို့ ရပ်ကွက် (၁၂) AD တံတားအနီး ဗုံး(၃) လုံးကြဲချသွားခြင်းဖြစ်သည်။

 

လူနေအိမ်အချို့ထိခိုက်ပျက်စီးမှုရှိပြီး လူထိခိုက်သေဆုံးဒဏ်ရာရရှိမှုသတင်းကတော့ အသေးစိတ်ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

 

ယမန်နေ့ (၂၄.၉.၂၀၂၄) တွင်လည်း စစ်ကောင်စီတပ်က လားရှိုးမြို့တွင်းအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဟိုတယ်ကြီးများအပြင် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူတစ်ဦးသေဆုံးကာ (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။