ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
လားရှိုးမြို့သိမ်းတိုက်ပွဲကာလအတွင်း ပျက်စီးဆုံးရှုံးသွားသော နေအိမ် ၃၀၉ လုံးအတွက် ကိုးကန့်MNDAA က တစ်အိမ်ကို ကျပ်သိန်း ၅၀ လျော်ကြေးပေးခဲ့တယ်လို့ သိရပါတယ်။
လျော်ကြေးငွေ ပေးအပ်ခြင်းကို ယနေ့ ဧပြီလ ၇ ရက် နံနက်ပိုင်းက လားရှိုးမြို့ရှိ ခန်းမတစ်ခုမှာ ပြုလုပ်တာဖြစ်ပြီး နေအိမ်အလုံးစုံပျက်စီး သူကိုတာ ပေးအပ်တာဖြစ်ကာ မြို့သိမ်းတိုက်ပွဲအတွင်း အလုံး စုံပျက်စီးသွားတဲ့ နေအိမ်စာရင်း အလုံး ၃၀၉ လုံးရှိတယ်လို့ သိရပါတယ်။
တရုတ်ရဲ့ ဖိအားကြောင့် လာမယ့် ဧပြီလ ၂၁ ရက်မှာ MNDAA အနေနဲ့ လားရှိုးမြို့ကို ပြန်လည် ဆုတ်ခွာပေးရမှာဖြစ်လို့ လားရှိုးဆေးရုံက စက်ပစ္စည်းများ၊ EPC ရုံးက မီးကြိုးနဲ့ ဆက်စပ်ပစ္စည်းများ သယ်ယူပြောင်းရွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကို ပြန်လည်ဆုတ်ခွာပေးရတာနဲ့ ပတ်သက်ပြီး ယနေ့ထိ တစ်စုံတစ်ရာထုတ်ပြန် ကြေညာထားတာမရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းက MNDAA အနေနဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။