ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုးမြို့ရှိ နည်းပညာအထက်တန်းကျောင်းနှင့် ဆုံကွယ်ရွာရှိ စစ်မှုထမ်းဟောင်းအိပ်ရာထဲ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရဟုဆို

လားရှိုးမြို့ရှိ နည်းပညာအထက်တန်းကျောင်းနှင့် ဆုံကွယ်ရွာရှိ စစ်မှုထမ်းဟောင်းအိပ်ရာထဲ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရဟုဆို

Hsan Loi Editor
22/05/2023
Share:

 

၂၀၂၃ ခုနှစ် မေလ (၂၂) ရက်နေ့ ယနေ့ နံနက်(၁)နာရီခန့်တွင် လားရှိုးမြို့နယ် ဆုံကွယ်ရွာ အေတီသျှမ်းကုန်းအနီးရှိ နည်းပညာအထက်တန်းကျောင်း အဆောက်အဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် လာရောက်ပစ်ခတ်သွားခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့နယ် နည်းပညာအထက်တန်းကျောင်း အဆောက်အဦးဝင်းအတွင်း ရှော့တိုက်ဒုံး(၆)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးထပ်ဆောင်အဆောက်အဦးနှင့် အပေါ်ထပ် အမိုး၊ မျက်နှာကျက်၊ မှန်တံခါးများ ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။

အလားတူ ဆုံကွယ်ရွာ၊ စစ်မှုထမ်းဟောင်းအိမ်ရာအတွင်းကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟုဆိုသည်။

ရှော့တိုက်ဒုံးကို မည်သည့်အဖွဲ့ကလာရောက်ပစ်ခတ်သည်ကို မသိရသေးပါ။ နည်းပညာအထက်တန်းကျောင်းအနီး၌ စစ်ကောင်စီတပ်ရှိသည့်အတွက် စစ်တပ်ကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။