ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ (၁၉.၇.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက စတင်၍ သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နှင့် လားရှိုးမြို့၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။ လွန်ခဲ့သော (၁၄.၇.၂၀၂၄) ရက်နေ့မှ (၁၈.၇.၂၀၂၄) ရက်နေ့အထိ MNDAA က စစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှု ယာယီရပ်ဆိုင်းကြောင်းကြေညာခဲ့ပြီး ယနေ့ (၁၉.၇.၂၀၂၄) ရက်နေ့တွင် တိုက်ပွဲပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။
ယနေ့ နံနက်ပိုင်း(၁၀)နာရီခန့်တွင် ကျောက်မဲမြို့အတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ခလရ ၅၀၁/ ၅၀၂ တပ်များကို သိမ်းပိုက်နိုင်ရေးအတွက် TNLA နှင့်ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်ကလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြန်လည်ပြုလုပ်ခဲ့သည်။
“ မနေ့အစောကြီးကတည်းက လက်နက်ကြီးသံတွေရော သေနတ်သံတွေရော ကြားရတယ်။ မနက် ၁၀ နာရီကျော်လောက်မှ လေယာဉ်နဲ့ပါ ဗုံးကြဲသွားတယ်။ မနေ့ကလည်း ကျောက်မဲမြို့အထွက် ခလရ ၅၀၁/၅၀၂ ဘက်မှာ တစ်နေ့လုံးတိုက်ပွဲသံတွေကြားရတယ်။” ကျောက်မဲဒေခံတစ်ဦးကပြောသည်။
အလားတူ လားရှိုးမြို့အဝင်မုခ်ဦး စစ်ကောင်စီ၏ -၄၁ တပ်အနီးတွင်လည်း ယနေ့ နံနက်ပိုင်းမှစတင်ပြီး MNDAA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ လားရှိုးမြို့၏ သတင်းအတိအကျ တင်ဆက်နိုင်ရေး ကြိုးစားလျက်ရှိပြီး လက်ရှိတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်လျက်ရှိသည်။