ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအား စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲချမှု ဒေသခံပြည်သူ(၄)ဦး ထိခိုက်သေဆုံးဟုဆို

လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအား စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲချမှု ဒေသခံပြည်သူ(၄)ဦး ထိခိုက်သေဆုံးဟုဆို

Hsan Loi Editor
08/01/2024
Share:

 

ယမန်နေ့(၇.၁.၂၀၂၄) ရက်နေ့ ည(၉) နာရီကျော်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲချသွားကြောင်း သိရသည်။

စစ်ကောင်စီကြဲချသွားသော ဗုံးများသည် မိုင်းယော်ကျေးရွာ ဈေးတန်းရပ်ကွက်ရှိ ပြည်သူလူထုနေအိမ်များပေါ် ကျရောက်ပေါက်ကွဲပြီး ဒေသခံ(၄)ဦး သေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိသည်။