ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၂)ခုအား ယမန်နေ့ အောက်တိုဘာလ(၂၇)ရက်နေ့တွင် TNLA အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ၏ သတင်းထုတ်ပြန်မှုအရသိရသည်။
ယမန်နေ့ အောက်တိုဘာလ(၂၇)ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၁၀၂၇-စစ်ဆင်ရေးကြီးကို စတင်ခဲ့ပြီး သျှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များစွာရှိ စစ်ကောင်စီတပ်စခန်းများအား တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ထို့အထဲတွင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၂)ခုဖြစ်သည့် မိုင်းကျက်တပ်စခန်းနှင့် တိန်းတန်စစ်စခန်းအား ယမန့်နေ့ အောက်တိုဘာလ(၂၇)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဟု TNLA က ဖော်ပြထားသည်။
တိန်းတန်တပ်စခန်းတိုက်ပွဲတွင် သေနတ် (၁၄)လက်၊ RPG (၁)လက်၊ 60MM- (၂လက်)၊ စက်လက်အကြီး (၁)လက်၊ လက်ပစ်ဗုံး- ၂၀၀ လုံး၊ RPG ကျည်- ၃၀ လုံး၊ 60MM ကျည်- ၅၀ လုံး၊ မိုင်း၊ ကျည်ဆံမြောက်များစွာ၊ စစ်အသုံးအဆောင်ပစ္စည်းများစွာ သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိသည်။