နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့တွင် လူမှုကူညီရေးလုပ်ငန်းလုပ်ဆောင်နေသော ပရဟိတအဖွဲ့ခေါင်းဆောင်တစ်ဦး စနိူက်ဘာဖြင့် ပစ်ခတ်ခံရ

လားရှိုးမြို့တွင် လူမှုကူညီရေးလုပ်ငန်းလုပ်ဆောင်နေသော ပရဟိတအဖွဲ့ခေါင်းဆောင်တစ်ဦး စနိူက်ဘာဖြင့် ပစ်ခတ်ခံရ

Hsan Loi Editor
25/07/2024
Share:

 

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ စစ်ပွဲကာလအတွင်း ပိတ်မိနေသော ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသော လားရှိုးအခြေစိုက်လူမှုကူညီရေး အသင်းဖြစ်သည့် ရွှေသံလွင် နာရေးကူညီမှုအသင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ စိုင်းလားရှိုးသည် ယနေ့(၂၅.၇.၂၀၂၄)ရက်နေ့ နံနက် (၇)နာရီခန့်တွင် စနိူက်ဘာဖြင့် ပစ်ခတ်ခံရပြီး ခြေထောက်ကို ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

 

လားရှိုးမြို့အတွင်း တိုက်ပွဲကြောင့် ပိတ်မိသော ပြည်သူများအား ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူမှုကူညီရေးအသင်းအဖွဲ့အနည်းငယ်သာ ကျန်ရှိပြီး ထိုအထဲတွင် ရွှေသံလွင် နာရေးကူညီရေးအသင်းလည်း တစ်ဖွဲ့အပါအဝင်ဖြစ်သည်။

 

“ကျနော်တို့အဖွဲ့က ရပ်ကွက်တွေထဲမှာ ပိတ်မိနေတဲ့သူတွေကို အစားအသောက်တွေ ဝယ်ပေးတာတွေလုပ်ပေးတယ်။ သခင်တွေက ထွက်ပြေးသွားပြီး အိမ်မှာကျန်နေတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို အစာလိုက်ကျွေးပေးတယ်။ လားရှိုးကနေ တိမ်းရှောင်ချင်တဲ့သူတွေရှိရင် ကြိုပေးပြီး လားရှိုးကနေထွက်မယ့်ကားတွေဆီပို့ပေးတာတွေလုပ်ပေးတယ်။ အခုမနက်တော့ ကျနော်တို့ အဖွဲ့ခေါင်းဆောင် အပစ်ခံလိုက်ရတယ်။ ဘယ်အဖွဲ့ကပစ်တာလဲဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ကူညီကယ်ဆယ်ရေးလုပ်ငန်းကိုတော့ ကျနော်တို့ ဆက်လုပ်သွားမှာဖြစ်ပါတယ်။”ဟု ရွှေသံလွင် နာရေးကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

လက်ရှိတွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား MNDAA နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်သိမ်းပိုက်နိုင်ပြီဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မြို့အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးသည်ဟု သတင်းရရှိသည်။