ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုးမြို့တွင် လူငယ်တစ်ဦးဆိုင်ကယ်မောင်းနေစဉ် ဓားဖြင့်လိုက်ခုတ်ခံရ

လားရှိုးမြို့တွင် လူငယ်တစ်ဦးဆိုင်ကယ်မောင်းနေစဉ် ဓားဖြင့်လိုက်ခုတ်ခံရ

Hsan Loi Editor
22/06/2023
Share:

 

၂၀၂၃ ခုနှစ် ဇွန်လ (၂၁)ရက်နေ့ ည (၈း၄၅)ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၁၁) ပေါက်ကျိုင်းလမ်း၌ ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးအား နောက်ကနေ ဆိုင်ကယ်စီးလာသော လူနှစ်ဦးက ဓားဖြင့်လိုက်လံခုတ်ခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

 

ဓားခုတ်ခံရမှုကြောင့် ဆိုင်ကယ်စီးလာသော လူငယ်သည် လက်မောင်းပြတ်ရှသည့်အပြင် ဓားခုတ်ခံရသည့်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သည်။ ဓားဖြင့်ခုတ်သွားသူများ အဆိုပါနေရာ၌ ချက်ချင်းမောင်းနှင်ထွက်ပြေးသွားသည်ဟုဆိုသည်။

 

“လားရှိုးမြို့မှာ နေ့ခင်းဆိုင်ကယ်စီးရင်တောင် တစ်ယောက်တည်းဆို ကြောက်နေရတယ်။ ဂျောင်ဂျိုဂျောင်ကြားဆို ဘယ်အချိန်အလုခံရမလဲ ဘယ်အချိန်အခုတ်ခံရမလဲ စိုးရိမ်နေရတာ။ ဖြစ်နိုင်ရင် ညပိုင်းအပြင်ထွက်ရင် တစ်ယောက်တည်းဆိုင်ကယ်နဲ့အပြင်မထွက်တာအကောင်းဆုံးပဲ။ လှည့်ကင်းတွေတော့ရှိပေမယ့် ဓားခုတ်မှုတွေ လုယက်မှုတွေကတော့ လျော့မသွားဘူး။ မူးယစ်ဆေးဝါး တွေကြောင့် လူတွေက စိတ်ရိုင်းဝင်ပြီး ဖြစ်ချင်သလိုကို ဖြစ်နေကြတယ်။ ပြီးတော့ မြို့ထဲလည်း ခဏခဏ ဗုံးတွေပေါက်နေတာ။ ဟိုတစ်နေ့ကပဲ Golden Hill ဟိုတယ်နားမှာ ဗုံးပေါက်သွားတယ်။ ဈေးတွေမှာဆိုရင်လည်း နေ့ခင်းဘက်တောင် ခါးပိုက်နှိုက်ကြောက်ရ သူခိုးကြောက်ရနဲ့သွားလာနေ ရတာ။” ဟု လားရှိုးဒေသခံတစ်ဦးက ပြောပြသည်။

 

ဓားဖြင့်ခုတ်ခံရသော အမျိုးသားသည် လားရှိုးမြို့၊ ရပ်ကွက်(၉) ခေးနင်းလမ်းသွယ်(၁၀) တွင် နေထိုင်သူဖြစ်သည်။ ၎င်းကို လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက လားရှိုးပြည်သူ့ဆေးရုံ အရိုးကုသဆောင်သို့ ပို့ဆောင်ကုသစေခဲ့ကြောင်း သတင်းရရှိသည်။