နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့တွင် ည(၆)နာရီကျော်မှ အိမ်ပြန်လာသော ပြည်သူတစ်ဦး ပစ်သတ်ခံရ

လားရှိုးမြို့တွင် ည(၆)နာရီကျော်မှ အိမ်ပြန်လာသော ပြည်သူတစ်ဦး ပစ်သတ်ခံရ

Hsan Loi Editor
19/11/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်နေ့ နိုဝင်ဘာလ (၁၈) ရက်နေ့ (၆) နာရီခွဲခန့်က ခြံမှာပြန်လာသော ဝ အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်က မေးမြန်းခြင်းမရှိဘဲ ၎င်း၏နေအိမ်ရှေ့အထိ ကားဖြင့်လိုက်လာပြီး ပစ်သတ်ခဲ့ကြောင်း သိရသည်။

 

“ လားရှိုးမှာက ပြောရမယ်ဆိုရင် နေ့ခင်းပိုင်းဆိုရင်တော့ ပုံမှန်လိုမျိုးလည်ပတ်နေပြီလို့ပြောလို့ရတယ်။ လူတွေကပုံမှန်သွားလာနေကြပြီပေါ့လေ။

ညပိုင်းတော့ တစ်ချက်တစ်ချက် လက်နက်ကြီးပစ်ခတ်သံတွေကတော့ ကြားနေရတုန်းပဲ။ အခု မာရှယ်လော ထုတ်လိုက်တာကို တချို့ပြည်သူလူထုတွေက မသိသေးဘူး။ အများအားဖြင့် လက်လုပ်လက်စားတွေက အချင်းချင်းပြောမှသိကြတာလေ။ မနေ့က ပစ်သတ်ခံရတဲ့သူကလည်း သူ့ဝက်ခြံကနေ ကားနဲ့ပြန်လာတာကို သူ့အိမ်အရှေ့ထိ စစ်သားတွေက လိုက်လာပြီးပစ်သတ်သွားတယ်။ အနည်းဆုံးတော့ အကျိုးအကြောင်းမေးမြန်းသင့်တာပေါ့။ ပြည်သူကိုတော့ ရန်သူလိုမဆက်ဆံသင့်ပါဘူး။” ဟု လားရှိုးဒေသခံတစ်ဦးကပြောသည်။

 

စစ်ကောင်စီမှ လားရှိုးမြို့အပါအဝင် သျှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် (၈) မြို့နယ်အား မာရှယ်လော (စစ်အုပ်ချုပ်ရေး) ဥပဒေ အဖြစ် နိုဝင်ဘာလ (၁၅) ရက်က ထုတ်ပြန်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။