ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကိုးကန့်အထူးဒေသ(၁) လားရှိုးမြို့မှာ ဒီကနေ့ ဧပြီလ ၁၀ ရက် နံနက်ပိုင်းက ရာဇဝတ်မှု ကျူးလွန်သူ များကို အများပြည်သူရှေ့မှာ စီရင်ချက်အမိန့်ချမှတ်တယ်လို့ သိရပါတယ်။
လူသတ်မှု၊ ဓါးမြတိုက်မှုနဲ့ မုဒိမ်းမှု စတဲ့ ပြစ်မှုကျူးလွန်သူများကို စီရင်ချက်ချမှတ်တာဖြစ်ပြီး ပြစ်ဒဏ် ချမှတ်ခံရသူ ၆ ဦးရှိကာ ၎င်းထဲမှ သေဒဏ်ချမှတ်ခံရသူလည်း ပါတယ်လို့ ကနဦး သိရပေမယ့် အသေး စိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လကတုန်းကလည်း MNDAA အနေနဲ့ ရာဇဝတ်မှုကျူးလွန်သူ ၄ ဦးကို နှစ်ရှည် ထောင်ချသလို ယမန်နှစ် မေလအတွင်းကလည်း ပြစ်မှုကျူးလွန်သူ တရုတ်လူမျိုး ၄ ဦးကို သေဒဏ်ချမှတ်တယ်လို့ The Kokang News က ဖော်ပြထားပါတယ်။