ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုးမြို့ကို စစ်ကောင်စီမှ လေယာဥ်ဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား(၁၂)ခန့် ထိခိုက်ဒဏ်ရာရ

လားရှိုးမြို့ကို စစ်ကောင်စီမှ လေယာဥ်ဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား(၁၂)ခန့် ထိခိုက်ဒဏ်ရာရ

Hsan Loi Editor
09/09/2024
Share:

 

ယနေ့ စက်တင်ဘာ(၉)ရက် နံနက် ၁၀ နာရီ ၂၃ မိနစ် နှင့် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီမှ လားရှိုးမြို့ လူနေရပ်ကွက်များသို့ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပြီး အရပ်သား(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း MNDAA မှ ထုတ်ပြန်ထားပါသည်။

 

လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် လားရှိုးထွေအုပ်ရုံးနှင့် ဗျုဟာလမ်းရှိ သီလရှင် ကျောင်းအနီးမှာ ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသူ အရပ်သား(၁၂)ဦးကိုဆေးရုံသို့ ပို့ဆောင်ထားပြီး ဆုံးရှုံးမှုနှင့် အသေအပျောက် အချက်အလက်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ထား ပါသည်။

 

စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ယနေ့နံနက် ဗုံးကျဲတိုက်ခိုက်မှုမှာ တတိယအကြိမ် ဗုံးကျဲမှုဖြစ်ပြီး ပထမအကြိမ်အဖြစ် သြဂုတ်လ(၃၀)ရက်နေ့ ညနေပိုင်းတွင်လည်းကောင်း၊ ဒုတိယ အကြိမ်အဖြစ် ယမန်နေ့ စက်တင်ဘာ(၈)ရက်နေ့ နံနက်အစောပိုင်း တွင်လည်းကောင်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

စစ်ကောင်စီ၏ လက်လွတ်ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် “ ရန်နိုင်မင်း စစ်ဆင်ရေး” အမည်ဖြင့် စက်တင်ဘာလ(၁)ရက်နေ့မှ စတင်လိုက်ပြီး အဆိုပါ စစ်ဆင်ရေးကို နိုင်ငံတော်အဆင့် စစ်ဆင်ရေးဖြစ်ကာ လုပ်ဆောင်နေကြောင်း သိရှိရပါသည်။