ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လမ်းဘေးတွင် မွေးဖွားရန်ခက်ခဲနေသည့်မိခင်တစ်ဦးအား လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ မွေးဖွားပေးနိုင်ခဲ့

လမ်းဘေးတွင် မွေးဖွားရန်ခက်ခဲနေသည့်မိခင်တစ်ဦးအား လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ မွေးဖွားပေးနိုင်ခဲ့

Hsan Loi Editor
30/04/2023
Share:

 

ယနေ့ည (၇း၁၅) မိနစ်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရေကန်တောင်လမ်းနှင့် (၅၁) လမ်းထောင့်၌ အိမ်ခြေရာမဲ့ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ကိုယ့်ကိုယ်ကိုမီးဖွားရန် အခက်အခဲနှင့်ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အဆိုပါအမျိုးသမီး မွေးဖွားရန် ကြိုးစားနေသည်ကို ပတ်ဝန်းကျင်မှတွေ့ရှိပြီး လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းကို အကြောင်းကြားရာမှ ၎င်းအမျိုးသမီး မွေးဖွားရန် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။

ယခုအခါ ကလေးကို ကောင်းမွန်စွာအောင်အောင်မြင်မြင် မွေးဖွားပေးနိုင်ခဲ့ပြီဖြစ်သည်။ မွေးဖွားလာသည့်ကလေးသည် သမီးလေးဖြစ်ပြီး မိခင်နှင့်ကလေးကို လားရှိုးမြို့ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီဖြစ်ကာ ကလေးရောမိခင်က ကျန်းမာလျက်ရှိကြောင်း သိရသည်။