ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လင်းခေးမြို့နယ်မှာ စစ်ကောင်စီက စစ်မှုထမ်းလူငယ်စာရင်း လိုက်ခံကောက်ခံနေကာ အမည်စာရင်း ပါပြီး စစ်မှုမထမ်းချင်ပါက ရပ်ကွက်အတွင်းသို့ ထွက်သွားကြရန်ဆိုပြီး ခြိမ်းခြောက်မှုတွေရှိ

လင်းခေးမြို့နယ်မှာ စစ်ကောင်စီက စစ်မှုထမ်းလူငယ်စာရင်း လိုက်ခံကောက်ခံနေကာ အမည်စာရင်း ပါပြီး စစ်မှုမထမ်းချင်ပါက ရပ်ကွက်အတွင်းသို့ ထွက်သွားကြရန်ဆိုပြီး ခြိမ်းခြောက်မှုတွေရှိ

Hsan Loi Editor
17/03/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီ၊ မြို့နယ်ထွေအုပ်နဲ့ ရပ်/ကျေး ဥက္ကဋ္ဌတို့က ရပ်ကွက်အတွင်းရှိ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်စာရင်းများ ကို လိုက်လံကောက်ခံနေကာ အမည်စာရင်းပါပြီး စစ်မှုမထမ်းချင်ပါက ရပ်ကွက်အတွင်းသို့ ထွက်သွား ကြရန်ပြောဆို ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ စုံစမ်းသိရပါတယ်။

 

“သူတို့က နာမည်စာရင်းတွေလိုက်ကောက်တယ်၊ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား စစ်မှုထမ်းဖို့ အကျုံးဝင်သူအားလုံးပေါ့၊ ထိုင်းဘက်ရောက်နေတဲ့သူလည်း စစ်မှုထမ်းစာရင်းပါရင် ပြန်လာရမယ်ပေါ့၊ နာမည်စာရင်းပါပြီး စစ်မှုမထမ်းချင်ဘူးဆိုရင် ဒီရပ်ကွက်ထဲက ထွက်သွားဆိုပြီး ဝမ်မပျင်းရပ်ကွက် လူကြီးက ပြောတာ” လို့ အကြောင်းသိရှိသူ လင်းခေးဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် မြို့ပေါ်ရှိရပ်ကွက်များမှ စစ်မှုထမ်းဖို့ အကျုံးဝင်သူများကို မြို့နယ်ထွေအုပ်မှ တစ်ရပ်ကွက်တွင် ၂ ယောက်နှုန်းနဲ့ ရပ်ကျေးဥက္ကဋ္ဌများကို စာရင်းပေးခိုင်းတယ်လို့ သိရပါတယ်။

 

“ လင်းခေးမြို့ထဲမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေက သိပ်မရှိတော့ဘူး၊ အများအားဖြင့် RCSS ထဲ ဝင်သွားတာရယ်၊ ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်သွားတာရယ်ကြောင့်ပါ၊ အရင်တစ်ခေါက် သူတို့ ကောက်တော့ လူငယ်တွေ ပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ သွားရောက်ခိုလှုံတာရှိတယ်” လို့ လင်းခေး ဒေသခံအမျိုးသားတစ်ဦးက Hsan Loi Voice ကိုပြောပါတယ်။

 

လင်းခေးမြို့နယ်သည် စစ်ကောင်စီက ၎င်းတို့ တပ်ရင်းတွေမှာ ဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ ပူးတွဲလုံခြုံရေး ယူထားပြီး လင်းခေးမြို့ တောင်ဘက်ရှိ ဝမ်ဟတ်တိုက်နယ်ဘက်တွင်လည်း ကျေးရွာပြည်သူ့စစ် ခေါင်းဆောင်နေရာများတွင် စစ်ကောင်စီ၏ အမာခံ လူဟောင်းများနဲ့ ပြည်လည်အစားထိုးနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့နောက် လင်းခေးခရိုင်အတွင်းရှိ လူငယ်တော်တော်များများသည် စစ်ကောင်စီရဲ့ စစ်မှုမထမ်းလိုသောကြောင့် RCSS/SSA အဖွဲ့ထဲသို့ ဝင်ရောက်သွားကြပြီး အချို့လူငယ်များအနေဖြင့် နီးစပ်ရာ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။