နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရွှံ့နွံများ ရှင်းလင်းလို့မပြီးသေးခင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောက်မယ်မြို့ရှိ နမ့်ယွမ်းချောင်းရေ ပြန်လည်မြင့်တက်ဟုဆို

ရွှံ့နွံများ ရှင်းလင်းလို့မပြီးသေးခင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောက်မယ်မြို့ရှိ နမ့်ယွမ်းချောင်းရေ ပြန်လည်မြင့်တက်ဟုဆို

Hsan Loi Editor
06/10/2024
Share:

 

ပြီးခဲ့သည့်ရက်ပိုင်းက ရေကြီးမှုကြောင့် တင်ကျန်ခဲ့တဲ့ ရွှံ့နွံများ ရှင်းလင်းလို့မပြီးခင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောက်မယ်မြို့ရှိ နမ့်ယွမ်းချောင်းရေ တစ်ဖန်ပြန်လည်မြင့်တက်ကြောင်း သိရသည်။

 

ယမန်နေ့ ညပိုင်းအချိန်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့်အတူ နမ့်ယွမ်းချောင်း ပြန်လည်မြင့်တက်ပြီး ရေကြီးရေလျှံဖြစ်ပေါ်ကြောင်း သိရသည်။

 

” မနေ့နေ့လည်က ရေပြန်ကျသွားလို့ဆိုပြီး အောက်ဘက်အိမ်ကို ပြန်‌ရွှေ့နေတုန်းပဲရှိသေးတယ်၊ ညက မိုးတောက်လျှောက်ရွာတော့ ရေထပ်ကြီးပြန်ရော၊ အခုတစ်ခေါက်ရေတက်တာက ပြီးခဲ့ရက်ကထက် ပိုများတယ်၊ ရေစီးလည်းတအားသန်တယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရှိ မွေတော်ရပ်ကွက်၊ ဈေးတန်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် နမ့်ယွမ်းချောင်းဘေးရှိ ကုန်းလမ်းရပ်ကွက်၊ ဆီဆုံရပ်ကွက်တို့မှာ ရေဝင်ရောက်မှုရှိကြောင်း ၎င်းကဆက်ပြောသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ(၁၀)ရက်နှင့် အောက်တို ဘာလ(၂)ရက်‌နေ့ကလည်း စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ မြို့တွင်း သစ်သားတံတား ၃ စင်း ရေထဲမျောပါသွားသလို တောင်သူလယ်သမားများ၏ စိုက်ခင်းများလည်း ရေလွမ်းမိုးမှုကြောင့် ပျက်စီး ဆုံးရှုံးမှု များပြားကြောင်း ဒေသခံတွေဆီက သိရပါသည်။

 

Photo- Facebook