ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရွှေတြိဂံနယ်မြေက မူးယစ်ဂိုဏ်းခေါင်းဆောင် Zhao ဟာ ဘန်ကောက်က တရုတ်ဒုစရိုက်သမား Tuhao နဲ့ပါတ်သက်ဆက်နွယ်မှု မရှိကြောင်း ငြင်းပယ်

ရွှေတြိဂံနယ်မြေက မူးယစ်ဂိုဏ်းခေါင်းဆောင် Zhao ဟာ ဘန်ကောက်က တရုတ်ဒုစရိုက်သမား Tuhao နဲ့ပါတ်သက်ဆက်နွယ်မှု မရှိကြောင်း ငြင်းပယ်

ahadmin
06/12/2022
Share:

 

ရွှေတြိဂံနယ်မြေထဲမှာ အခြေစိုက်တဲ့ တရုတ်ဒုစရိုက်သမား Zhao Wei သည် ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးထိန်းသိမ်းထားသော ဘန်ကောက် တရုတ်စီးပွားရေးနဲ့ ဒုစရိုက်သမား Tuhao နဲ့ ပါတ်သက်ဆက်နွယ်မှုမရှိကြောင်း ငြင်းဆိုလိုက်ပါသည်။ Zhao Wei သည် တြိဂံနယ်မြေရှိ မူးယစ်ဂိုဏ်းခေါင်းဆောင်ဟု စွဲချက်တင်ခံထားရသူဖြစ်သည်။

ဘန်ကောက်ရှိ တရုတ်စီးပွားရေးသမား Mr. Chainat (Tuhao) သည် ထိုင်းရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါး ဒုစရိုက်နှင့်ပါတ်သက်ကြောင်း စွပ်စွဲချက်ကို ငြင်းပယ်ထားဆဲဖြစ်သည်။ ၎င်းသည် နိုဝင်ဘာလ ၂၃ ရက် က ထိုင်းရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် သူပိုင်ဆိုင်သော နိုက်ကလပ်၊ အဆောက်အဦးများနှင့် ဇိမ်ခံကားများပါ အသိမ်းဆည်းခံထားရသည်။

မာဆက် လိင်ဖျော်ဖြေရေးလုပ်ငန်းကဏ္ဍ၌ သြဇာတိက္ကကြီးမားသော သူဌေးကြီးနှင့် နိုင်ငံရေးသမား ခွန်ချုးဝိတ် Chuwit Kamolvisit က၊ Mr. Chainat (Tuhao) သည် ထိုင်းနိုင်ငံတဝှမ်း ဒုစရိုက်လုပ်ငန်းများနှင့် ပါတ်သက်ဆက်နွယ်နေပြီး တြိဂံနယ်မြေရှိ မူးယစ်ဂိုဏ်းခေါင်းဆောင် Zhao နှင့်လည်း အဆက်အသွယ်ရှိနေကြောင်း သတင်းပေးတိုင်ကြားခဲ့သည်ဟုဆိုသည်။

Zhao သည် အသက် ၇၁ နှစ် ဝန်းကျင်ခန့်ရှိပြီဖြစ်သည်။ တြိဂံနယ်စပ် လာအိုဘက်ခြမ်း Kings Romans Casino ကြီးမားသောကာစီနိုလောင်းကစားရုံမှတဆင့် တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ လာဘ်ပေးလာဘ်ယူမှု၊ တောရိုင်းတိရိစ္ဆာန်များ တရားမဝင် ကုန်ကူးမှုတို့ဖြင့် ၂၀၁၈ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ပင်ထားသူတဦးဖြစ်သည်။

Zhao သည် Mr. Chainat (Tuhao) နှင့် အဆက်အသွယ်ရှိနေကြောင်းကို ငြင်းပယ်လိုက်ပြီး ခွန်ချုးဝိတ် Chuwit နှင့်လည်း မတွေ့ဖူးကြောင်း ပြောသည်။

“ဘာကြောင့် ကျနော့်ကို ဒီကိစ္စထဲ ဆွဲသွင်းလာတာလဲမသိဘူး။ စွပ်စွဲချက် နောက်ကွယ်မှာ တစုံတယောက်တော့ ရှိနိုင်ပါတယ်” ဟု ထိုင်းမီဒီယာအချို့ကို ဖြေကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက စီးပွားရေးအရေးယူပိတ်ဆို့မှုအပေါ် “အခြေအမြှစ်မရှိကြောင်း” နှင့် စူပါပါဝါဖြစ်သည့်နိုင်ငံအလျောက် အခြားနိုင်ငံများအပေါ် အနိုင်ကျင့်ဖို့ ပရိယာယ်တခုသာဖြစ်ကြောင်း ပြောပါသည်။

အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးဌာနက Zhao Wei ကွန်ယက်နှင့် UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ကို ဘိန်းဖြူ၊ စိတ်ကြွဆေးပြားများနှင့် အခြား တရားမဝင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး သိုလှောင်သည့် ဒုစရိုက်အဖွဲ့အစည်းအဖြစ် ၂၀၁၈ ခုနှစ်တွင် စီးပွားရေးပိတ်ဆို့ အရေးယူမှုပြုခဲ့သည်။

Zhao သည် ရွှေတြိဂံနယ်မြေ လာအိုဘက်ခြမ်းရှိ အထူးစီးပွားရေးဇုံ၏ ဥက္ကဌ ဖြစ်ပြီး လာအိုနိုင်ငံအတွက် ဆင်းရဲမွဲတေမှုပပျောက်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးက ဖြေရှင်းပေးရမည့်အရာ စိုးရိမ်စရာ ဖြစ်သည်ဟုဆိုသည်။

လာအိုအစိုးရနှင့် လာအိုပြည်သူလူထုဆီက နွေးထွေးသည့် ဆက်ဆံမှုများ၊ အထောက်အကူများ နှစ်အတန်ကြာရရှိထားပြီးဖြစ်သည်ဟုဆိုသည်။ ကြိုးစားပမ်းစားလုပ်ပေးနေသည်ကို ၎င်းတို့ နားလည်ကြသည်ဟုဆိုသည်။ တရုတ်လူမျိုးများသည် ချစ်ခင်စရာကောင်းသော လူမျိုးများဖြစ်ကြောင်း ကမ္ဘာတဝှမ်းက သိရှိပြီးသား ဖြစ်ပါတယ်ဟု Zhao က ပြောပါသည်။

Ref: The Nation
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/
Photo: SENG K. Xiong