ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
စစ်ကောင်စီက စီစဥ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ နောက်နှစ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ကျင်းပပြုလုပ်ရန် လျာထားတယ် လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
ယမန်နေ့ မတ်လ ၂၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်တဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်က “ ရွေးကောက်ပွဲကို Electronic Voting Machine စနစ်နဲ့ ဆန္ဒမဲပေးရန် ကြိုတင်ပြင်ပြီး ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ရက်အကန့်အသတ် ပြုလုပ်ထားခြင်းမရှိဘူး၊ မြန်မာ နိုင်ငံသမိုင်းမှာ ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲကို တစ်ကြိမ်တည်း ကျင်းပခဲ့တာမဟုတ်ပါဘူး၊ ရွေးကောက်ပွဲအထမြောက်တဲ့အဆင့်ကို ဦးစားပေး ပြီးမြောက်အောင် ဆောင်ရွက်ရမှာဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၅၆ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ ၈၀ ပါတီကို ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။