ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းတောင်နှင့်မန္တလေးတိုင်းကြားရှိ ရွာငံ – သာစည်နယ်စပ်တွင် မေလ ၄ ရက်နေ့ကစစ်ကောင်စီနှင့် PDF တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲ တွင် အိမ်ခြေ ၂၀ ကျော်မီးရှို့ခံထားရပြီး ဒေသခံ ၈ ဦးဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည် ။
ဖမ်းဆီးခံခဲ့ရသော ဒေသခံများသည် မျက်ခါးအင်းရွာမှ ၅ ဦးနှင့် ကျောက်ပချုပ်ရွာမှ ၃ ဦးဖြစ်ပြီး ၄င်းတို့ကို စစ်ကောင်စီတပ်သားများက ရုပ်ပျက်ဆင်း ပျက် နှိပ်စက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်ခါးအင်း ဒေသခံတစ်ဦးကပြောသည် ။
” ကျောက်ပချုပ်ရွာသား ၃ ဦးတော့ ရက်ပိုင်းကပြန်လွတ်လာပေမယ့် မျက်ခါးအင်း က ၅ ယောက်ကတော့ တော်တော့ကို အခြေအနေမကောင်းဘူး ” ဟု ၄င်းကပြောသည် ။
စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသူများထဲတွင် အသက် ၆၀ အရွယ် သုံးဦးပါဝင်ပြီး ၁၈ နှစ်အရွယ်တစ်ဦး ပါဝင်ကြောင်း သိရသည် ။
ပြီးခဲ့သည့် မေလ၊ ၄ ရက်နေ့တွင် ဒေသခံ PDF ၂၀ ခန့်က ရွာငံမြို့နယ်၊ လွှစင်ကျေးရွာရှိ စစ်တပ်သတင်း ပေးဒလန်တစ်ဦးကို ရှင်းလင်းဖို့ကြိုးစားခဲ့ရာအောင် မြင်ဘဲ စစ်ကောင်စီကိုအကြောင်းကြားခဲ့သည့် အ တွက် စစ်ကောင်စီဘက်မှ မေလ၊ ၆ ရက်နံနက်ပိုင်းတွင် အင်အား ၂၀၀ ကျော်ဖြင့်စစ်ကြောင်းထိုးလာပြီး အရပ်သားများ နေထိုင်ရာ ကျေးရွာတွေထဲထိ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး သာစည်မြို့နယ် မျက်ခါးအင်းရွာ ရှိနေအိမ်များကို မီးရှို့ ခဲ့ကြောင်း ဒေသခံများထံမှ သိရသည် ။
” မျက်ခါးအင်းရွာလေးက အိမ်ခြေပေါင်း ၅၀တောင်မပြည့်ရှာပါဘူး၊ စစ်တပ်က မီးဝင်ရှို့တာ အလုံး ၂၀ ကျော်လောက်ပါသွားတယ်၊ ရွာကလူတစ်ချို့လဲ လက် ရှိမှာ ပြေးနေကြရတယ် ” ဟုသာစည် မြို့ခံ တစ်ဦးက အတည်ပြုပြောဆိုသည် ။
ရွာငံ-သာစည်နယ်စပ်ရှိ ကျေးရွာများသည် ဆက်သွယ်ရေးခက်ခဲပြီးမြို့နှင့် အတန်အသင့်အလှမ်းဝေးတာကြောင့်အဏာသိမ်းပြီးခါစက ဒေသခံကာကွယ် ရေးတပ်ဖွဲ့ များလှုပ်ရှားရာဒေသဖြစ်ခဲ့ပြီး ယခင်နှစ်ကစစ်ကောင်စီတပ် များမှ စစ်ကြောင်းထိုးနယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ခြင်းကြောင့် အနီး ရှိရွာများပါမီးရှို့ဖျက်ဆီးခံခဲ့ရကာ ထိခိုက်ဆုံးရှုံးမှုများပြားခဲ့သည်။
Photo # credit