ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာ ရဲကင်းစခန်းအား ရွာငံ PDF က အလစ်ဝင်တိုက်၊ စစ်ကောင်စီတပ်သား(၃)ဦးသေဆုံးပြီး (၁)ဦးဖမ်းမိခဲ့ဟုဆို

ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာ ရဲကင်းစခန်းအား ရွာငံ PDF က အလစ်ဝင်တိုက်၊ စစ်ကောင်စီတပ်သား(၃)ဦးသေဆုံးပြီး (၁)ဦးဖမ်းမိခဲ့ဟုဆို

Hsan Loi Editor
21/04/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာ မန္တလေး-ရွာငံကားလမ်းမပေါ်က ရဲကင်းစခန်းအား ရွာငံ PDF ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ မှ ယနေ့ ဧပြီလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

 

မြင်းကျဒိုးရဲစခန်းတွင် စစ်ကောင်စီနှင့်ရဲတပ်သား (၃၀)ဦးခန့်ရှိပြီး အပြန်အလှန်ပစ်ခတ်မှု (၅၀)မိနစ်ခန့်ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား(၃)ဦး သေဆုံးပြီး ဒုတပ်ကြပ် (၁)ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း JPRF (ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့)က ဆိုသည်။

 

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားသည် မြင်းကျဒိုးရဲစခန်းမှ ဒုတပ်ကြပ် ကိုကိုဦးဖြစ်ပြီး ၎င်းနှင့်အတူ AK 47 တစ်လက်နှင့် ရိုင်ဖက်တစ်လက်အပြင် ကျည်ဆံ အတောင့်(၃၀၀)အား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။