ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ် တောင်ပိုင်း ၊ရွာငံမြို့နယ် ၊ နွားဘန်းကြီးကျေးရွာ အနောက်ဘက်တောထဲ ရှိ ပြည်သူ့ကာ ကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်များက ယမနေ့ဒီဇင်ဘာ ၁၃ ညနေ ၃ နာရီအချိန်ခန့်က ဝင်ရောက်စီးနင်း ခဲ့သည်ဟု ရွာငံ ဒေသတွင်းသတင်းရင်းမြစ်ထံမှသိရသည် ။
စစ်ကောင်စီ မှစစ်ကား ၃စီးအင်အား၅၀ဝန်းကျင်ခန့်ဖြင့်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီးပျူစောထီး များ ပါပူးပေါင်းပါဝင်ခဲ့ပြီးစစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်စီးနင်းသည့်အတွက် ပြည့်သူကာ ကွယ်ရေးတပ်ဖွဲ့များမှအချိန်မှီ တိမ်းရှောင်လိုက်နိုင်သော်လည်း စခန်းတွင်ကျန်ရှိခဲ့သည့် လက်နက်ခဲယမ်း များဆုံးရှုံးလိုက်ရသည်ဟု ၄င်းသတင်းရင်း မြစ်ကတဆင့် သိရသည်။
ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်အထိ စစ်ကောင်စီသည် နွားဘန်းကြီးကျေးရွာအနောက်ဘက်တောင် ကြောသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့်ရမ်းသမ်း ပစ်ခတ်နေသည်ဟု သတင်းရင်းမြစ်ကပြောသည် ။
ယခုလက်ရှိစစ်ကောင်စီစစ်ကြောင်းသည် ရွာငံမြို့ နယ်အနောက်ဘက်ခြမ်း ရနဲ ကျေးရွာ နှင့် မင်းပလောင်ကျေး ရွာဘက် သို့ဦးတည်လျက်ရှိသည်ဟု သိရပါသည် ။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/