ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်းတယ မြို့နယ် ၊ ရွာငံတောင်ပိုင်း၌ ယမနေ့ (မေလ ၅ရက်နေ့) က စစ်ကောင်စီတပ်များအင်အားအများအပြားဖြင့် စစ် ကြောင်းထိုးလာပြီး ရှာဖွေမှုများပြုလုပ်မှုကြောင့် ဒေသခံများထိတ်လန့် နေရကြောင်း သိရသည် ။
” ဘာသတင်းရလဲမသိဘူး အင်အား တစ်ရာလောက်ရှိမယ် စစ်သားတွေ ရွာငံတောင်ကိုင်ဖက်ကို စစ်ကြောင်း ထိုးလာတာ ၊ အေးအေးဆေးဆေး ကိုလုပ်ကိုင်စားသောက်လို့မရဘူး သူတို့လာရင် ဘယ်သူမှ ယာထဲမသွားရဲကြတော့ဘူး ဒီအချိန်က သီးနှံပျိုးရမယ့်အချိန်လေ မကြာခင်မိုးကျတော့မှာ ” ဟု ရွာငံဒေသခံတစ်ဦးကျပြောသည် ။
ယမနေ့က စစ်ကောင်စီတပ်သားရာချီ ဖြင့် ရွာငံတောင်ပိုင်း နန်းခုံရွာ၊လွှစင်ရွာ ၊ သာစည်နယ်စပ် ငှက်ပျောတောရွာနှင့် ကုန်းပေါ်ရွာ တစ်ဝိုက်တွင် စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှသိရသည် ။
ရွာငံမြို့နယ်တောင်ပိုင်းကို မနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် များရောက်ရှိလာကြပြီး နန်းခုံဘုန်းကြီးကျောင်း၊လွှစင်ဘုန်းကြီးကျောင်း တို့တွင်
စခန်းချထား သည်ဟု ၄င်းသတင်းရင်းမြစ်ထံမှ ဆက်လက်သိရသည် ။
ယင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာလျှင် ဒေသခံများအား အကြောင်းမဲ့ ဖမ်းဆီးခြင်း ၊နေအိမ်များမီးရှို့ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကျုးလွန်တတ်ခြင်းကြောင့် ဒေသခံများထိတ်လန့်နေရခြင်းဖြစ်သည် ။
သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ စစ်တမ်းများအရ ရွာငံ ဒေသတွင် ပြီးခဲ့သည့် ၂၀၂၂ ဖေဖော်၀ါရီမှဧပြီလအထိ သုံးလအတွင်း အပြစ်မဲ့ပြည်သူ ၁၀ဦးကို စစ်ကောင်စီကဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၄ ရွာမှ ဒေသခံ ၈၀၀ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည် ။